1. Home
  2. Special or Others

ကားတာယာကျွတ်တစ်လုံးကို နှာခေါင်းနဲ့ လေထိုးပြခဲ့သူ ရုပ်/သံ

Special or Others มี.ค. 10, 2560 view 1,591
တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထူးကဲပါရမီရှင်များ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးက သူ့ရဲ့ နှာခေါင်းကို အသုံးပြုပြီး ကားကျွတ်တစ်လုံးကို လေထိုးပြခဲ့တဲ့အတွက် လူတွေ အံ့သြနဘန်းဖြစ်ခဲ့ရပါတယ်။
 
အသက် ၄၄ နှစ်အရွယ်ရှိ “တန်းကျူဟိုင်” ဆိုသူက သူ့ရဲ့ နှားခေါင်းနှင့် ပြားချပ်နေတဲ့ ကားကျွတ်တစ်လုံးကို လေထိုးပိုက်တစ်ခုနဲ့ ချိပ်ဆက်ပြီးနောက် လေးကို ရှုရှိုက်ကာ ဖြည်းဖြည်းခြင်း လေထိုးသွင်းခဲ့ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ကားကျွတ်ဟာ လေအပြည့်ဖြစ်လာတာကို အများရှေ့မှာ လက်တွေ့ သက်သေပြနိုင်ခဲ့ပါတယ်။
 
ဒီလိုပြသနိုင်ဖို့အတွက်ကို အချိန် ၁၀ နှစ်ခန့် လေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ အဆုတ်ဟာ သာမန်လူတွေထက် လေပိုရှုသွင်းနိုင်ကြောင်းကို ငယ်စဉ်ကတည်းက သိရှိခဲ့ပြီး ယခုလို စွမ်းရည်ပြသနိုင်ဖို့ ကြိုးစားလေ့ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။
 


Follow us on