1. Home
  2. Myanmar News

ပြည်သူ့ရင်ပြင်မှာ အယ်လ်အီးဒီမီးလုံး သန်း ၇၀ ကျော်တစ်လကြာ ထွန်းညှိထားမည်

Myanmar News มี.ค. 10, 2560 view 1,853

 မြန်မာနိုင်ငံမှာ ပထမဦးဆုံး အယ်လ်အီးဒီမီး အလုံး ပေါင်းသန်း ၇၀ ကျော်အသုံးပြုပြီး အာဆီယံနဲ့ တရုတ်နိုင်ငံပညာရှင်တွေ အလှဆင်ဖန်တီးတင်ဆက်ပြ မယ့်ပွဲကို မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ (သင်္ကြန် ငါးရက်အပ) နံနက် ၁၁းဝ၀ နာရီကနေ ည ၁၁းဝ၀ နာရီအထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ် ပါမယ်။ ပွဲတော်မှပြမယ့် ပြကွက်တွေမှာ ပဲရစ်မြို့ရဲ့  Eiffel Tower လို ကမ္ဘာကျော်အဆောက်အအုံ၊ ဂျပန်နိုင်ငံ ဖူဂျီတောင်လို အထင်ကရ နေရာတွေ၊ နာမည်ကျော် ဇာတ်ရုပ်ဇာတ်ကေင်တွေ၊ တိရစ္ဆာန်အရုပ်တွေစတဲ့ ပြကွက်အမျိုးအစား ၆၀ ကျော်ကို အယ်လ်အီးဒီ မီးလုံးသန်း ၇၀ နဲ့ အလှဆင်ဖန်တီးပြမှာပါ။

ပွဲတော်ရည်ရွယ်ချက်ကတော့ မိဘပြည်သူအနားယူအပန်းဖြေ နိုင်ဖို့ရယ်၊ နိုင်ငံတကာအဆင့်မြင့်ပွဲတော်ကြီးတစ်ခုကို ပြည်တွင်းမှာ ကြည့်ရှုခံစားနိုင်ဖို့ရယ်၊ ပွဲတော်မှာ ထွန်းညှိပူဇော်ထားတဲ့ မီးရောင်စုံတွေရဲ့ အလှအပကို ခံစားပြီး ဓာတ်ပုံရိုက်နိုင်ဖို့ရယ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊  သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်လာပြီးအပန်းဖြေလည်ပတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ပွဲတော်ဝင်ကြေးကိုတော့ ပြည်သူ့ရင်ပြင်ဝင်ကြေးအပြင် သာမန်လက်မှတ်တစ်စုံကို ကျပ် ၃၀ဝ၀ နဲ့ ကျောင်းသားလက်မှတ်တစ်စုံကို ကျပ် ၁၅၀ဝ နဲ့ ရောင်းချ မှာဖြစ်ပါတယ်။ ပွဲတော်ရဲ့ ကာလက နွေရာသီ ကျောင်းပိတ်ရက်ဖြစ်နေတာ ကြောင့် ကျောင်းသူကျောင်းသား လူငယ်လေးတွေအနေနဲ့ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်ကို လာရောက်လည်ပတ်အပန်းဖြေရင်း စိတ်ဝင်စားစရာကောင်းတဲ့ မီး ရောင်စုံပြကွက်တွေကို ကြည့်ရှုခံ စားနိုင်ပါတယ်။ ပြည်သူတွေအားလုံး တက်ကြွပြီး ပါဝင်ဆင်နွှဲနိုင်တဲ့ အစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ၊ အစားအသောက်နဲ့ အမှတ်တရ ပစ္စည်းအ ရောင်းဆိုင်တွေနဲ့ တခြား စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေလည်း ပါရှိပါတယ်။

ဒါ့အ ပြင် ဆယ်ဖီပြိုင်ပွဲနဲ့ ဓာတ်ပုံပြိုင်ပွဲတွေလည်း ထည့်သွင်းထားပြီး အနိုင်ရသူတွေကို ဆုတွေ ချီးမြှင့် ပေးမယ်လို့သိရပါတယ်။ ‘ကျွန်တော်တို့အနေနဲ့ ဒီပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်က မိသားစုတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ကလေးသူငယ်တွေ နွေရာသီအားလပ်ရက်မှာ လည်ပတ်စရာ နေရာတိုးအောင်၊ ညဘက်တွေမှာ အပန်းဖြေနိုင်အောင် ရည်ရွယ်ပါ တယ်၊ နိုင်ငံတကာမှာလုပ်နေတဲ့ Lighting Festival တွေလိုမျိုး ထူးခြားဆန်းသစ်တဲ့ပြကွက်ကို အယ်လ်အီးဒီမီးအလုံးပေါင်း သန်း ၇၀ နဲ့ အလှဆင်ပြီး စီစဉ်ထားတယ်၊ အရမ်းစိတ်ဝင်စားစရာကောင်းပြီး မိဘပြည်သူတွေအနေနဲ့ စိတ်ကျေ နပ်မှု အပြည့်အဝရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပရောဂျက် ဒါရိုက်တာဦးဟိန်းထက်က ပြောပါတယ်။ မန္တလေး၊ ပြည်၊ ပုသိမ်၊ တောင်ကြီး၊ ပြင်ဦးလွင်တို့မှာလည်း ဆက်ပြီးလုပ်ဆောင်ဖို့ရှိပါတယ်။

Credit : kumudranews



Follow us on