1. Home
  2. Special or Others

ကယ်တင်မည့်သူကို မျှော်လင့်နေတဲ့ သနားစရာကလေးငယ် ရုပ်/သံ

Special or Others มี.ค. 10, 2560 view 1,757
ကမ္ဘောဒီယားနိုင်ငံက “ဖက်ထရာပေါ့” ဆိုတဲ့ ကလေးငယ်ဟာ မွေးရာပါ ဦးခေါင်းခွံ နှစ်ခြမ်းကွဲပြီး မွေးဖွားလာခဲ့တဲ့ ကလေးနစ်ဦးဖြစ်ပါတယ်။ ဆေးပညာအရ မည်သို့ ခွဲစိပ်ကုသရမည်ကို နည်းလမ်းမသိရှိခဲ့တဲ့အတွက် ဆရာဝန်တွေက လက်လျှော့ထားခဲ့ရသူဖြစ်ပါတယ်။
 
 
ယခုဆိုရင် သူ့ရဲ့ အသက် ၆ နှစ်အရွယ်ရှိနေပြီး အသက်ကြီးလားတာနဲ့အမျှ ဦးခေါင်းခွံ ကွဲအက်ရာကလည်း ကြီးလာပြီး အခုဆိုရင် တစ်ခေါင်းလုံးနီးပါးမျှ ကွဲအက်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကလေးရဲ့ မိဘများဟာ ဆင်းရဲနွမ်းပါးလွန်းသူတွေ ဖြစ်ပြီး သူတို့ကလေးကို ကုသနိုင်ပေးမယ့် စေတနာရှင်ကို မျှော်လင့်နေလျှက်ရှိပါတယ်။
 
 
လက်တလောတွင် ကမ္ဘောဒီးယား လူမှုကုညီရေးအဖွဲ့များက ဆေးဝါးထောက်ပံ့လျှက်ရှိပြီး စနေ တနင်္ဂနွေနေ့များမှာ ဖွားအေဖြစ်သူက မြေးဖြစ်သူကို လှည်းလေးနှင့်တင်ကာ အန်ကောဝပ်ဘုရားကျောင်းကြီးရှေ့မှာ တောင်ရမ်းအလှူခံလျှက်ရှိပါတယ်။ သူမရဲ့ အခြားသောမျှော်လင့်ချက်တစ်ခုမှာ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းကြီးတွင် ကမ္ဘာလှည့်ခရီးသွား အမြောက်အများလာရောက်လေ့ရှိသဖြင့် ထူးဆန်းသော မြေးလေး၏ အဖြစ်ကို ကမ္ဘာကသိရှိပြီး ခွဲစိပ်ကုသပေးမည့် စေတနာရှင်ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။ 
 


Follow us on