1. Home
  2. Special or Others

ဒုတိယ ရင်သွေး ရတော့မယ့် Mark Zuckerberg

Special or Others มี.ค. 10, 2560 view 1,601

Mark Zuckerberg နဲ့ ဇနီးဖြစ်သူ Priscilla Chan တို့ဟာ ဒုတိယ ရင်သွေး ရတနာကို ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ Facebook ရဲ့ စီအီးအို ဖြစ်သူ Mark Zuckerberg က ကြာသာပတေးနေ့မှာ Facebook တွင် ပို့စ်တစ်ခုတင်ပြီး အဲဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဇနီးမောင်နှံဟာ ရင်သွေး ရတနာ ရရှိဖို့ ၃ ကြိမ် အခွင့်အရေး ရခဲ့ပေမယ့် ကံမကောင်းခဲ့ဘဲ ၂၀၁၅ ခုနှစ်မှာမှ ပထမဆုံး သမီးကလေး Max ကို မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Mark Zuckerberg က “ Max ကို ခက်ခက်ခဲခဲ ရရှိပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဇနီးမောင်နှံဟာ နောက်ထပ် ကလေး ရဖို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ ဇနီးမောင်နှံဟာ နောက်ထပ် ကိုယ်ဝန်ရပြီဆိုတာ သိတဲ့အခါမှာ ကလေး ကျန်းမာဖို့ အရင်ဆုံး မျှော်လင့်ခဲ့ကြပါတယ်။ နောက်ထပ် ရင်သွေးလေးကလည်း မိန်းကလေး ဖြစ်ပါတယ်။ “ လို့ Facebook မှာ ပို့စ်တင်ခဲ့ပါတယ်။ သူက “ ညီမ၊ အစ်မ ၊ မိခင်တို့လို အားကိုးရတဲ့ အမျိုးသမီးတွေ ရှိလို့သာ ကျွန်တော်တို့ ဘ၀တွေဟာ သာယာနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်မွေးလာမယ့် ရင်သွေးလေးကို တွေ့ချင်နေပါပြီ။ သူ့ကို ထူးချွန်တဲ့ အမျိုးသမီး ဖြစ်အောင် အကောင်းဆုံး မြေတောင်မြှောက်ပေးမှာပါ။ “ လို့ ရေးသားထားပါတယ်။

သူက ကလေးမွေးဖွားမယ့် နေ့ကို ကြေညာခြင်း မရှိသေးပေမယ့် ကလေးဟာ ၁၂ ပတ် အရွယ် ရှိပြီလို့ ခန့်မှန်းရပါတယ်။ အဲဒီအတွက် စက်တင်ဘာလလောက်မှာ Mark Zuckerberg ရဲ့ ဒုတိယမြောက်ရင်သွေးကို မြင်တွေ့ရနိုင်ပါတယ်။

Credit ; digitaltimes



Follow us on