1. Home
  2. Special or Others

ဗိုလ်အောင်ဒင် သီချင်းဆိုတဲ့ ဗီယက်နမ်အဆိုတော်

Special or Others มี.ค. 10, 2560 view 1,757

မတ်လ ၆ ရက်နေ့က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေး အလည်အပတ် သွားရောက်ချိန်မှာ ဗီယက်နမ်အဆိုတော်တဦးက ဗိုလ်အောင်ဒင်သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဗီယက်နမ် လေကြောင်းရန်ကာကွယ်ရေးနှင့် လေတပ်ဌာနချုပ်၊ စစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ တွေကို သွားရောက်လေ့လာခဲ့တယ်လို့လဲ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ မူရင်းတေးသံရှင် မနောသီဆိုတဲ့ ဗိုလ်အောင်ဒင်သီချင်းဟာ မြန်မာနိုင်ငံမှာလည်း လူသိများ ရေပန်းစားတဲ့ သီချင်းတပုဒ်ဖြစ်တာမို့ လတ်တလောမှာတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကာချုပ်ကိုဖျော်ဖြေခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့နေပြီး ပြန်လည်မျှဝေနေကြတာပါ။

Credit DVB



Follow us on