1. Home
  2. Special or Others

အသားကြိတ်စက်ထဲ လက်ပါသွားခဲ့တဲ့ အမျိုးသမီးစားဖိုမှူး

Special or Others มี.ค. 10, 2560 view 1,537
ဗာဂျီးနီးယားပြည်နယ် ချားလော့တက်စ်ဗယ်လီရှိ ပီဇာဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်နေသော အမျိုးသမီးစားဖိုမှူးတစ်ဦး အသားကြိတ်နေစဉ် အမှတ်မထင်အသားကြိတ်စက်ထဲ လက်ကို ထည့်ကြိတ်မိသည့် ဖြစ်စဉ်တစ်ခု မတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
 
 
အသက် ၂၇ နှစ်အရွယ် အဲလီ ရဒ်ရှော ဆိုသူ အမျိုးသမီးမှာ သူမ၏ ခင်ပွန်း အီရန်နှင့်အတူ လမ်ပို နပိုလီတန် ပီဇာရီးယား ဆိုင်တွင် စာဖိုမှူးအဖြစ် အတူ အလုပ်လုပ်ကိုင်သူ ဖြစ်သည်။ 
 
 
မတ်လ ၁ ရက်နေ့က ဟင်းပွဲများအတွက် အသားများကိုအသားကြိတ်စက်နှင့် ကြိတ်နေစဉ် သူမ၏ ညာဘက်လက်မှာ ရုတ်တရက် စက်ထဲသို့ ဝင်သွားခဲ့သည်၊ လက်ဝင်သွားသော်လည်း အသားကြိတ်စက်မှာ အင်အားကြီးသည့်အတွက် လုံးဝမပိတ်ပဲ သူမ၏ လက်ကို ဆက်လက်ကြိတ်နေခဲ့သည်။ သူမ၏ အော်ဟစ်သံကြောင့် အခြားဝန်ထမ်းများရောက်လာကာ စက်ကို အမြန်ပိတ်ခဲ့ရသည်။
 
 
သူမ၏ခင်ပွန်းဖြစ်သူက ဗာဂျီးနီးယားတက္ကသိုလ်ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ခွဲစိပ်ကုသမှု ခံယူခဲ့ရသည်။ သို့သော် သူမ၏ ညာဘက်လက်အဖျားပိုင်းကို ဖြတ်ထုတ်ပစ်ခဲ့ရသည်။ နေကောင်းကာစ ပြုလာသော သူမရဲ့ ဆေးကုသစရိတ်ကို GoFundMe page က ကူညီပေးရန် အလှူငွေကောက်ခံခဲ့ရာ လေးရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။ 
 


Follow us on