1. Home
  2. Myanmar News

ယုတ်မာသည့် အကြံဖြင့် ဆိတ်ကျောင်းနေသည့် မိန်းကလေးအား အမျိုးသားတစ်ဦးမှ အတင်းဖမ်းဆီး

Myanmar News มี.ค. 11, 2560 view 1,639
မတ်လ ၁၁ ရက်(ယနေ့) မွန်းလွဲပိုင်းတွင် ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားအမျိုးသားတစ်ဦးက လမ်းမကြီးဘေးတွင် ဆိတ်ကျောင်းနေသော မိန်းကလေးတစ်ဦးကို ဖမ်းချုပ်ကာတင်ပြေးမှု့ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
 
 
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်းရှိ ရွှေလည်ကျေးရွာ အနီးတွင် မောင်နှမနှစ်ဦး ဆိတ်ကျောင်းနေစဉ် Honda Airwave အမျိုးအစား ယာဉ်အမှတ် 7k/3214 မောင်းနှင်လာသော အမျိုးသားတစ်ဦးက ယာဉ်ပေါ်မှ ဆင်းလာကာ အသက် ၁၄ နှစ်အရွယ်ခန့်ရှိသော မိန်းကလေးကို ကားပေါ်သို့ အတင်းပွေ့တင်ခေါ်ဆောင် မောင်းနှင်သွားသဖြင့် မောင်လေးဖြစ်သူက ရွာသားများကို အပြေးအလွှား အကူညီတောင်းခဲ့ပြီး ရွာသားများက အတင်းလိုက်လံ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ အမျိုးသားအား ခင်ဦးမြို့နယ် ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
 
 
 
 
 
အကြောင်းရင်းစုံကို မသိရှိရသေးသော်လည်း တစ်ဖက်နိုင်ငံသို့ ရောင်းစားရန် သို့မဟုတ် လူကုန်ကူးမှုတစ်ုခုနှင့် ဆက်သွယ်မှု ရှိနေသည်မှာ သေချားကြောင်း ပြောဆိုဝေဖန်လျှက်ရှိပြီး သမီးမိန်းကလေးရှင် မိဘများ သောကဖြစ်နေကြသည်။
 
Ref:@ဆုံဆည်းရာ
 


Follow us on