1. Home
  2. Myanmar News

တိုက်ခန်းနေသူများ၏ အယူအဆကိုပြောင်းလဲစေမည့် နောက်ဖေးလမ်းကြား ဥယျာဉ်စီမံကိန်း စတင်

Myanmar News มี.ค. 13, 2560 view 1,766
ရန်ကုန်မြို့တွင်းရှိ အထပ်မြင့်နေအိမ်တိုက်ခန်းများ၏ နောက်ဖေးလမ်းကြားများ သာယာလှပသည့် ဥယျာဉ်များ ဖြစ်အောင် ဖန်တီးလုပ်ဆောင်သည့် စီမံကိန်းတစ်ခုကို “ဒို့အိမ်” အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအပါအဝင် အခြားအဖွဲ့အစည်းများက မတ်လ ၁၁ ရက်နေ့မှ စတင်ကာ ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
 
 
ပန်းခြံငယ်တစ်ခုအဖြစ် အလှဆင်ခြင်းကို ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ၂၇ လမ်းရှိ အမှတ် ၇၉ တိုက်ခန်းနေအိမ်တစ်ခု၏ နောက်ဘေးလမ်းကြားတွင် စတင်လုပ်ဆောင်ခဲ့ကြပြီး အင်တာနေရှင်နယ် ကျောင်းများရှိ ကလေးများနှင့် အဆိုပါလမ်းတွင် နေထိုင်ကြသော ကလေးငယ်များက အိမ်နောက်ဖေး လမ်းကြားများတွင် ကလေး ပန်းချီများ ရေးဆွဲခြင်း အလှပန်းအိုများ စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
 
 
အဆိုပါ စီမံချက် လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ နောက်ဖေးလမ်းကြားတွင် အမှိုက်မစွန့်ပစ်ရေးနှင့် မိမိပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် လွတ်နေသည့် ကွက်လပ်မြေနေရာကို အကျိုးရှိရှိအသုံးချကာ ကလေးလူကြီးများ ဘေးကင်းလုံခြုံစွာ အပန်းဖြေ ဆော့ကစားနိုင်မည့် နေရာတစ်ခုအဖြစ် ပြည်သူများ၏ စိတ်ဓါတ်အယူအဆ ပြောင်းလဲလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
 
 
အဆိုပါ အလှဆင်ထားသည့် နောက်ဖေးလမ်းကြားက ပန်းခြံငယ်ကို စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီထိ လာရောက် လေ့လာနိုင်ကြောင်း ဒို့အိမ် အဖွဲ့မှ သိရှိရသည်။
 
Photo:sit htet aung
 


Follow us on