1. Home
  2. Special or Others

ဗုဒ္ဓရုပ်ပွားတော်နှင့် ပက်သက်၍ ထိုင်းနိုင်ငံတွင် ပြင်းပြင်းထန်ထန် သတိပေး

Special or Others มี.ค. 13, 2560 view 1,946
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လမ်းမကြီးအနီးရှိ ဧရာမဗီနိုင်း ကြောငြာဘုတ်ကြီး စိုက်ထူကာ ဗုဒ္ဓရုပ်ပွားတော်မြတ်သည် “အိမ်အလှဆင်ရန်ပစ္စည်းမဟုတ်ပါ လေးစားတန်ဖိုးထားရမည်မှာ အခြေခံအသိစိတ်ဖြစ်သည်” ဟု အများသူငှာ မြင်နိုင်ရန် အသိပညာပေး အဖြစ်စိုက်ထူထားသည်။
 
 
ထို့အပြင် ခန္ဓကိုယ်ပေါ်တွင် တက်တူးထိုးခြင်း၊ အိမ်အလှဆင်ရန် အသုံးပြုခြင်းတို့မှာ မလေးစားရာရောက်သည့် အမူအကျင့်ဖြစ်သည့်အတွက် ဥပဒေအရ မှားယွင်းသည်ဟု သတ်မှတ်ကြောင်း ဖော်ပြထားသည်။
မြတ်ဗုဒ္ဓ၏ ရုပ်ပုံများအပါအဝင် ဗုဒ္ဓ၏ ဦးခေါင်းတော် ပုံ၊ ရုပ်တုများကိုလည်း မလေးစားသည့် အပြုအမူများ မပြုလုပ်ရန် တားမြစ်လိုက်ခြင်းဖြစ်သည်။ 
 
 
ဗုဒ္ဓ၏ ပုံတော်၊ ဦးခေါင်းတော်များကို အလှဆင်ပစ္စည်းများသဖွယ် အသုံးချမှု များပြားလားသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကထဲကပင်ဖြစ်သည်။ အစပိုင်းတွင် ဗုဒ္ဓကို ကိုးကွယ်ကြည်ညိုမှုဖြင့် ပုံတော်ကားချပ်ပန်းချီကို အိမ်၏ ဧည့်ခန်းတွင်းချိပ်ဆွဲခဲ့ရာမှ ငြိမ်းချမ်းလှသည့် ဗုဒ္ဓ၏ မျက်နှာတော်ကြောင့် အိမ်အတွင်းပနံရကာ အမြင်တစ်မျိုး အဖြစ်မြင်လာခဲ့ပြီးနောက် ဘာသာခြာများကပါ ဗုဒ္ဓပုံတော် ၊ ရုပ်တုများကို အလှဆင်ပစ္စည်းသဖွယ် ရောင်းချ အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ 
အထူးသဖြင့် စိတ်ဖြေလျော့ရာ (Spa) များတွင် အလှဆင်ပစ္စည်းအဖြစ် အသုံးပြုလာကြသည်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာခဲ့ရသည်။
 
 
အိမ်တွင်း အလှဆင်ရာတွင် “Buddha Head” (ဗုဒ္ဓဦးခေါင်းတော်) မှာ အလွန်အဝယ်လိုက်သော ပစ္စည်းတစ်ခုဖြစ်လာပြီး ဦးခေါင်းတော်၏ ဒီဇိုင်းကို မျိုးစုံအသုံးချခဲ့ကြသည်။ အဝတ်အထည်များ၊ ကောဇောများ၊ ဖိနပ်များတွင်ပါ ဒီဇိုင်းရေးဆွဲ ပြုလုပ်လာကြသည့်အတွက် သိသိသာသာ မလေးစာသော အမူအကျင့်များ ဖြစ်လာခဲ့သည်။
 
 
 
 
 
ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓ၏ ပုံတော်များကို တက်တူးထိုးသူအများစုက ကြည်ညိုလွန်းလို့ဟု အကာကွယ်ယူ ပြောဆိုနေသော်လည်း အမှန်မှာ ထူးခြားသည့် ဒီဇိုင်းတစ်ခု ဖြစ်လို့သာ ရေးထိုးကြခြင်းဖြစ်သည်။ အမှန်တစ်ကယ် ကြည်ညိုလွန်းသူဖြစ်ပါက ဗုဒ္ဓ၏ပုံတော်ကို မိမိ၏ မသန့်ရှင်းသော ခန္ဓာကိုယ်တွင် တက်တူးအဖြစ် ထိုးရန် မလိုအပ်ပေ၊ ဗုဒ္ဓစကားကို နားထောင်ကာ နိဗ္ဗာန်ရောက်ကြောင်း တရားကို တစ်စိုက်မှတ်မှတ် ကျင့်ကြံရုံသာ လိုအပ်ပါသည်။
 
 
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ ရှေ့တန်းတင်လေ့ရှိသော ထိုင်နိုင်ငံတွင် ယခုလို ဘာသာရေးနဲ့ ပက်သက်၍ အယူအဆမှားယွင်းလာမှုများကို ကျယ်ကျယ်ပြန့်ပြန်ပညာပေးဆောင်ရွက် လုပ်ကိုင်နေပြီဖြစ်သည်။
 


Follow us on