1. Home
  2. Special or Others

လှချင်သူတွေအတွက် ပျားတုပ်ခံပြီးကုရမည့် ကုထုံးအသစ်

Special or Others มี.ค. 13, 2560 view 2,240
ယနေ့ခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားတွေပါ လှချင်ကြည့်ကောင်းချင်လာကြပါတယ်။ လူမှန်ရင်တော့ လူတိုင်းလှချင်ကြတာအမှန်ပါပဲ။ ဒါကြောင့် ထီတွင်တဲ့သူတွေကလည်း အမျိုးမျိုးစမ်းသပ်တီထွင်နေကြတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ပျားတုပ်ခံပြီးကုတဲ့ နည်းသစ်ကိုတီထွင်လိုက်ပါတယ်။ ပျားတစ်ကောင် နှစ်ကောင်ဖြင့်ကုသတာမဟုတ်ပါဘူး။
 

ပျားအုံလိုက် မျက်နှာပေါ်ကိုဖုံးအုပ်ပြီးကုသတာဖြစ်တယ်လို့သိရပါတယ်။ အပ်စိုက်ကုထုံး၊ လေဆာကုထုံး အစရှိသဖြင့် များစွာသော ကုထုံးများကိုလည်း အလှအပအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာမြင်တွေ့နိုင်ပါတယ်။ ယခု ပျားတုပ်ခံပြီးကုသရမည့် ကုထုံးကတော့ ဆဲလ်သေတွေကို တကယ်ဖယ်ရှားနိုင်ရင်တောင် ပျားအုံလိုက် တုပ်ခံရမှာဆိုတော့ဖြင့် နာမှာတော့ အသေအချာပဲဖြစ်ပါတယ်။
 

Credit ;



Follow us on