1. Home
  2. Myanmar News

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် အာမခံစပေါ်ငွေ ကျပ်သိန်းနှစ်ဆယ်

Myanmar News มี.ค. 13, 2560 view 1,432

မန္တလေးမှာ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်အတွက် အာမခံစပေါ်ငွေ ကျပ်သိန်းနှစ်ဆယ်ပေးသွင်းရမှာ ဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ကြေညာချက် ထုတ်ပြန် ထားပါတယ်။ အရင်နှစ်တွေက ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်အတွက် အာမခံစပေါ်ငွေ ကျပ်ငါးသိန်း ပေးသွင်းပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် မဲနှိုက်ရတာ ဖြစ်ပါတယ်။

သည်နှစ်မှာ စပေါ်ငွေကို ကျပ်သိန်းနှစ်ဆယ် ပေးရမှာဖြစ်ပြီး မဏ္ဍပ်ကို အိတ်ဖွင့်လေလံစနစ်နဲ့ ရောင်းချပေးတာ ဖြစ်ပါ တယ်။ ‘အရင်နှစ်တွေက မဲနှိုက်ရတာဆိုတော့ တစ်ဦးကို လျှောက်လွှာ သုံး၊ လေး စောင်လောက် လျှောက်ကြတာ၊ အခု ဒီ လို လုပ်တော့ စည်ပင်လဲ ဘတ်ဂျက်ပိုရ တာပေါ့”လို့ မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောပါတယ်။ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာတွေကို အခုလ ၁၃ ရက်ကနေ ၂၀ ရက်အ ထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Credit : kumudranews



Follow us on