1. Home
  2. Special or Others

စက္ကန့် ၆၀ အတွင်း ဆိုဒါ ၇၇ ဗူးကို တံတောင်ဆစ်နှင့် ထုပြီးဖွင့်နိုင်ခဲ့သူ ကမ္ဘာဂင်းနစ်စံချိန်တင် ရုပ်/သံ

Special or Others มี.ค. 13, 2560 view 1,440
အီတလီနိုင်ငံ ဂျီမိုနာမြို့မှာ ကျင်းပခဲ့တဲ့ ဂင်းနစ်ကမ္ဘာစံချိန် မှတ်တမ်းမှာ ပါကစ္စတန်နိုင်ငံမှ မူဟာမဒ် ရာရှစ်ဒ် ဆိုသူက စက္ကန့် ၆၀ အတွင်း ဆိုဒါ ၇၇ ဗူးကို တစ်ဒေါင်ဆစ်နှင့် ထုပြီးဖွင့်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
 
မူဟာမဒ် ရာရှစ်ဒ်သည် ပါကစ္စတန် သိုင်းအကယ်ဒမီကျောင်း တည်ထောင်ဖွင့်လှစ်ထားသူတစ်ဦးဖြစ်ပြီး အခြားသော အစွမ်းပြနည်းများနှင့် ကမ္ဘာစံချိန်တင်ထားသူလည်းဖြစ်ကာ ယခုတစ်ခါ စံချိန်တင်မှုက သူ့အတွက် ဂင်းနစ်မှတ်တမ်း အသစ်တစ်ခု ဖြစ်လာခဲ့သည်။
 
ဆိုဒါအပြည့်ပါသော ဗူးများကို စားပွဲပေါ်တွင် လှဲလျက်တင်ထားပြီး သူ၏ တံတောင်ကိုသာ အသုံးပြုပြီး ဆိုဒါ ၇၇ ဗူးကို စက္ကန့် ၆၀ အတွင်း ထုခွဲပြသသွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်က သူ၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုနေစဉ် ဆိုဒါအရည်များ ပန်းထွက်စင်လာသည့်အခါ မထိမှန်စေရန် ထီးများဖြင့် ကွယ်ကာပြီး အားပေပးခဲ့ကြကြောင်း တွေ့ရှိရသည်။
 


Follow us on