1. Home
  2. Myanmar News

တပ်မတော်ကအာဏာသိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ်သမီးဟုရေးသားသူအား ၆၆(ဃ) ဖြင့် အမှုဖွင့်

Myanmar News มี.ค. 13, 2560 view 1,451
Myanmar Now သတင်းထောက် ကိုဆွေဝင်းအား အမှုဖွင့်ခဲ့သည့် မဘသအဖွဲ့ဝင် ကိုကျော်မျိုးရွှေကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတဦးက ပုဒ် ၆၆(ဃ)ဖြင့် အမှုဖွင့် လိုက်ကြောင်း သိရသည်။
ကိုကျော်မျိုးရွှေက ၎င်း၏ လူမှုကွန်ယက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားထားမှုများကြောင့်ဟုဆိုကာ ဒေါ်မြမြဌေးက စမ်းချောင်းမြို့နယ်အမှတ်(၂၄) ရဲစခန်း၌ အမှုဖွင့်ခြင်းဖြစ်သည်။
 
"ကျနော်တင်တဲ့ပို့စ်မှာ ဒီတခါ တပ်မတော်ကအာဏာသိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ်သမီးလို့ ကျနော့်ပို့စ်မှာတင်လိုက်တာ။ မြန်မာပြည်မှာ ဗိုလ်ချုပ်တွေများသလို နာမည်တပ်မထားဘူး"ဟု ကိုကျော်မျိုးရွှေကပြောသည်။
အမှုဖွင့်ထားသဖြင့် စမ်းချောင်းရဲစခန်းမှ ဒုရဲအုပ်တဦးရောက်ရှိလာကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်း ခေါ်ယူသဖြင့် ကိုကျော်မျိုးရွှေမှ အစစ်ဆေးခံရန်ယနေ့ မတ် ၁၃ ရက်မွန်းလွဲပိုင်းက အမှတ် ၇ ရဲစခန်း တွင် ပြောကြားသည်။
 ညနေပိုင်းတွင် ကိုကျော်မျိုးရွှေသည် အဆိုပါ နယ်မြေရဲစခန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
 
Credit:NewsWatch


Follow us on