1. Home
  2. Myanmar News

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်စီရင်ခံထားရသည့် ဝင်းနဲ့ဇော် ပြစ်ဒဏ်သက်သာစေရန် မြန်မာအစိုးရ ကြိုးပမ်းနေ

Myanmar News มี.ค. 14, 2560 view 1,480
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှုတွင် သေဒဏ်စီရင်ချက်ချထားခံရသော မြန်မာနိုင်ငံသားလူငယ်နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်း (ဝင်းနဲ့ဇော်) တို့အတွက် ပြစ်ဒဏ်သက်သာမှုရရှိအောင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ အာရုံစိုက်ကာ လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။
 
အဆိုပါအမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့တာဝန်ရှိလူကြီးများကိုယ်တိုင် အထူးစိတ်ဝင်စားလျှက်ရှိပြီး ပြည်သူလူထု၏ သဘောထားအမြင်၊ ဆန္ဒများအတိုင်း ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌါန ပြည်ထာင်စုဝန်ကြီး ဦးသိန်းဆွေမှ ပြောကြားခဲ့သည်။
 
လူငယ်နှစ်ယောက်အတွက် ထိုင်း ဥအဒေနဲ့အညီ တရားရုံးကို ဆက်လက်တင်ပြပြီး ပြစ်ဒဏ်သက်သာရာရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု မတ်လ ၁၃ ရက်နေ့ နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမား ပပျောက်ရေးအစီအစဉ်၊ ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဝန်ကြီးက ပြောကြားခဲ့သည်။
 
သေဒဏ်မှ လွှတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခဲ့သော်လည်း အကြိမ်ကြိမ်ပယ်ချခံခဲ့ရပြီးနောက် မြန်မာအစိုးရအနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့ သက်သာစေရန် ဆက်လက်ကြိုးပမ်းသွာမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်ထဲက လူသတ်တရားခံ သံသယရှိသူများအဖြစ် ဖမ်းဆီးစစ်ဆေးခဲ့သည့် ဝင်းနဲ့ဇော်သည် ၂၀၁၇ ခုနှစ်ထိဆိုရင် သုံးနှစ်ဝန်ကျင်ကြာ ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။
 
Source:မြစ်မခ
 


Follow us on