1. Home
  2. Special or Others

အပန်းဖြေကစားကွင်း ရဟတ်ကြိုးပြတ်ကျကာ စီနင်းသူများဒဏ်ရာရ ရုပ်/သံ

Special or Others มี.ค. 14, 2560 view 1,441
တရုပ်နိုင်ငံ ဂန်ဆူးဒေသရှိ အပန်းဖြေကစားကွင်းတစ်ခုတွင် မတ်လ ၉ ရက်နေ့က ချားရဟတ်တစ်ခု ပြုတ်ကျခဲ့ပြီး လိုက်ပါစီးနင်းကြသူများ ဒဏ်ရာရရှိခဲ့ကြသည်။
 
ထိုင်ခုံတစ်ခုခြင်းစီကို ကြိုးနဲ့တန်းလန်းဆွဲချိပ်ဆက်ထားက ဆုံလည်လှည့်ရင်း အမြင့်သို့ ဆွဲတင်သွားသည့် ရဟတ်သည် လှည့်လည်နေရင်း ရုတ်တရက် တစ်ခုလုံးပြုတ်ကျခဲ့သည်ကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးမိလျက်သားဖြစ်သွားခဲ့သည်။
 
အဆိုပါ ဖြစ်ရပ်အတွက် တာဝန်ရှိသော ရဟတ်ပိုင်ရှင်ကို ရဲများက ဖမ်းဆီးထိန်းသိမ်းထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းကလည်း ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ရဟတ်ပေါ်မှ လွင့်စင်ကျကာ သေဆုံးခဲ့ရဖူးသည်။
 


Follow us on