1. Home
  2. Special or Others

မာဂျောက်ဆော့နေရင်း စားပွဲခုံ ပေါက်ကွဲပြီး မျက်နှာ မီးဖုတ်ခံခဲ့ရသူများ

Special or Others มี.ค. 14, 2560 view 1,744
တရုပ်မှန်ရင် မာဂျောက်(mahjong) ကစားတတ်သလို မာဂျောက်ကစားနည်းက စွဲလန်းစေတတ်တဲ့အတွက် တရုပ်နိုင်ငံ အနှံ့မှာ မာဂျောက်ရုံတွေ စီပွားဖြစ်နေတတ်ပါတယ်။ ဟူနန်ဒေသမှာရှိတဲ့ ဝူဂန်းမြို့က မာဂျောက်ကစားရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး လူငါးဦး အနည်းဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။  
 
 
 
မတ်လ ၁ ရက်နေ့ နေ့လည် ၁၁ နာရီချိန်လောက်မှာ လူငါးယောက် အတူတူထိုင်ကစားနေတဲ့ မာဂျောက်စားပွဲ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲသံကြီးက ဟိန်းနေပြီး မာဂျောက်တွေ အကုန်လုံးလွင့်စင် ရှုပ်ပွကုန်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ဆိုပါတယ်။
 
 
ယင်းပေါက်ကွဲမှုကြောင့် ကစားနေသူ လေးဦးရဲ့ မျက်နှာဟာ မီးနဲ့ဖုတ်ကင်ခံရသလို ဖြစ်ပြီး မဲကြုတ်သွားခဲ့ပါတယ်။ ဒဏ်ရာရသူများကို ဆေးရုံသို့ အမြန်တင်ပို့ကုသခဲ့ကြရသည်။
 
မာဂျောက်စာပွဲပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး တာဝန်ရှိသူများက စားပွဲခုံကတော့ အလိုလိုနေရင်း သူ့ဟာသူ ထပေါက်ကွဲစရာမရှိဘူး၊ မီးလောင်လွယ်တဲ့ အရည်တစ်ခုခု ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုနဲ့ စီးကရက် ဖင်စီခံမီးထိပြီး ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
 
 
ဆေးကုသခံနေဆဲ ဒဏ်ရာရသူများထဲမှ မျက်နှာမီးဖုတ်ခံရသူနှစ်ဦးက သူတို့ရဲ့ ဆေးရုံပေါ်က ပုံတွေကို လုမှုကွန်ယက်ပေါ် တင်ခဲ့ပါသေးတယ်။ 
 


Follow us on