1. Home
  2. Special or Others

Samsung ဆားဗစ်ကို သဘောကျလွန်းလို့ ကိုင်ပေါက်ခဲ့တယ် ရုပ်/သံ

Special or Others มี.ค. 14, 2560 view 1,418
Samsung အမျိုးအစား စမတ်ဖုန်းကို ဝယ်ပြီး တစ်ပတ်အကြာမှာ ပါဝါဖွင့်မရတော့တဲ့အတွက် ဆမ်ဆောင်း ဆားဗစ်စင်တာကို ပြန်လာပြီး အာမခံဝရန်တီအရ အသစ်တစ်လုံးလဲပေးရန် ပြောဆိုခဲ့သည်ကို ချက်ခြင်း မလဲပေးသည့်အတွက် ဆမ်းဆောင်းစင်တာ ဝန်ထမ်းများရှေ့တွင် ဖုန်းကို ကိုင်ပေါက်ခဲ့သည့် ဗီဒီယိုကို အွန်လိုင်းတွင် ဝေဖန်သူများခဲ့သည်။
 
ဆားဗစ်စင်တာဝန်ထမ်းမှ ဖုန်းကို ပညာရှင်များက အကြောင်းရင်းကို စစ်ကြည့်ဖို့ လိုတဲ့အတွက် သုံးလေးရက်ခန့်ထားခဲ့ဖို့ လိုကြောင်း ပြောဆိုသည်ကို မကျေမနပ်ဖြစ်ပြီးနောက် သူ၏ ဆမ်ဆောင်းဖုန်းကို အကြိမ်ကြိမ် ကိုင်ပေါက်ပြခဲ့ပြီး အိုင်ဖုန်းဆားဗစ်နှင့် ယှဉ်ကာ အော်ဟစ်ပြောဆိုခဲ့သည်။
 
အဆိုပါဗီဒီယိုကို ဝေဖန်သူအချို့က -
 
ဝရန်တီ ဆိုတာ ဒီလိုချက်ချင်းလဲပေးတာမှ မဟုတ်တာ
ဝရန်တီရဲ့ သဘောက ဖုန်းမှာ ဘာဖြစ်လဲဆိုတာ ပြစ်ချက်ရှာပြန်ပြင်ပေးမယ်၊ လဲပေးမှာ မဟုတ်ဘူး
မင်းအတွက် နှစ်ရက်သုံးရက်စောင့်ရလို့ ဘာဖြစ်သွားမှာမို့လဲ..?
ဖုန်းကို ရိုက်ခွဲတာနဲ့ ပြဿနာက ပြီးသွားရောလား၊ အလကားပိုက်ဆံဖြုန်းတာပဲ အဖတ်တင်တယ်
 
စသည်ဖြင့် ဝေဖန်ခဲ့ကြသည်။ 
 
အဆိုပါအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ 
အဲဒီပုဂ္ဂိုလ်ရဲ့ နေရာမှာ ကိုယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ..?
 


Follow us on