1. Home
  2. Movie Stars - Celebrity

အကယ်ဒမီကို ရင်မခုန်ဘူး ရခဲ့ရင်လဲ မယူဘူး ဆိုတဲ့ ကျော်ရဲအောင်

Movie Stars - Celebrity มี.ค. 14, 2560 view 1,545

‘လူးရတနာသိုက်’ ဇာတ်ကားဟာ အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် နေတဲ့ ကျော်ရဲအောင်တစ်ယောက် အကယ်ဒမီနဲ့ ပတ်သတ်ပြီး ပေးခဲ့ ရင်တောင်မယူဘူးဆိုပြီး ပြတ်ပြတ်သားသားဖြေကြားထားပါတယ် ။ လူရိုင်းတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ အဲဒီဇာတ်ကားအတွက် အကယ်ဒမီမမှန်းထားပါဘူးလို့ လဲ ဖြေကြားထားပါတယ်။

လူးရတနာသိုက်ဇာတ်ကားနဲ့ပါတ်သတ်ပြီးတော့ “ကျနော်ပါဝင်တဲ့ ဇာတ်ရုပ်ကတော့ လူရိုင်းတယောက်ပါပဲ။ သိပ်ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျနော် အကယ်ဒမီလည်း မမျှော်မှန်းထားပါဘူး။ ပိုက်ဆံရလို့သာ ကားရိုက်လိုက်တာ။ ရမယ်လည်း ကျနော် မထင်ဘူး။ အကယ်ဒမီကို ကျနော် သိပ်စိတ်မဝင်စားဘူး။ ထူးခြားတဲ့ဇာတ်ကွက် မရှိပါဘူး။

လူရိုင်းကားဖြစ်တဲ့အတွက်ကြောင့် ဝတ်စားဆင်ယင်မှုတခုတော့ နည်းနည်း တမျိုးဖြစ်သွားတာပေါ့နော်။ အဲဒီလောက်ပါပဲ။ သရုပ်ဆောင်တဲ့အပိုင်းက သိပ်ပြီးတော့ ဘာမှ အခက်အခဲမရှိပါဘူး။ ကျနော် အကယ်ဒမီ ရင်မခုန်တာတော့ ကြာပြီ။ ရောဂါဖြစ်မှာစိုးလို့။ ရခဲ့လည်း မယူပါဘူး။” ဆိုပြီး ပြောထားပါတယ်

Source .DVB



Follow us on