1. Home
  2. Myanmar News

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်တွင် ခါးပိုက်နှိုက်သူ အသက် ၇၅ နှစ်အရွယ် အဘွားအို

Myanmar News มี.ค. 15, 2560 view 1,548
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား ရင်ပြင်ပေါ်တွင် မတ်လ ၁၁ ရက်နေ့က ဘုရားဖူးသူ တစ်ဦးထံမှ ခါးပိုက်နှိုက်မှုဖြင့် အသက် ၇၅ နှစ်အရွယ် အဖွားအိုတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
 
“ကလေးက သူ့အမေပုခုံးပေါ်မှာ မှီပြီးအိပ်လာတော့ ကလေးလက်က သူ့အမေကျောဘက်မှာကျနေတာ၊ ဒါကို အနောက်ကလိုက်လာတဲ့ အဖွားအိုက ကလေးရဲ့ လက်ကောက်ကို ချွတ်ယူပြီး ထွက်သွားတာ။ ကလေးအမေက အော်ဟစ်အကူညီတောင်းလို ရင်ပြင်တော် တာဝန်ကျ တပ်ဖွဲ့ဝင်တွေက ဖမ်းပြီးအရေးယူထားပါတယ်” ဟု ကင်ပွန်းချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်နေသူ မဇင်မာဝင်း (၂၅ နှစ်)က သမီးဖြစ်သူအား ချီပိုးပြီး အဖော်များနှင့်အတူ ကျိုက်ထီးရိုးစေတီတော်အား ဖူးမျှော်ပြီး ပြန်အဆင်းတွင် ရွှေနန်းကျင်နတ်နန်းအနီး၌ အနောက်က ကပ်ပါလာသော ဒေါ်သိန်းထွေး (၇၅ နှစ်) သန်လျင်မြို့နယ်နေသူက သမီးဖြစ်သူ၏ လက်တွင်ဝတ်ထားသော အလေးချိန် တစ်မတ်သားခန့်ရှိ ရွှေလက်ကောက်အား ဖြုတ်ယူပြီး ကျော်တက်သွားသည်ကို တွေ့မြင်ခဲ့ရသဖြင့် ပတ်ဝန်းကျင်မှလူမျာအား အကူညီတောင်းခဲ့ကြောင်း သိရသည်။
 
ဒေါ်သိန်းထွေးအား လိုက်လံဖမ်းဆီးခဲ့ပြီး စစ်ဆေးရှာဖွေခဲ့ရာ ခြုံပဝါအတွင်းမှ ရွှေလက်ကောက်အား တွေ့ရှိရသဖြင့် ကင်ပွန်းချောင်ရဲစခန်းမှ (ပ) ၆၁/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 
Credit:ပြည်မြန်မာ
 


Follow us on