1. Home
  2. Movie Stars - Celebrity

၂၀၁၆ ခုနှစ် အကယ်ဒမီပွဲ စီစဉ်တင်ဆက်သူအဖြစ် မို့မို့မြင့်အောင် သတင်းထွက်နေ

Movie Stars - Celebrity มี.ค. 15, 2560 view 1,662
မတ်လ ၁၈ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ဒီဇိုင်းပုံစံအသစ်များနဲ့ ခမ်နားစွာ ကျင်းပမည့် အကယ်ဒမီက ခါတိုင်းနှစ်များနဲ့မတူပဲ အရာရာ သိုသိပ်လျှို့ဝှက်လွန်းနေတဲ့အတွက် ပရိဿတ်များသာမက အနုပညာရှင်များကိုယ်တိုင်လည်း ရင်ခုန်နေကြပါတယ်။
 
ဇကာတင်ဇာတ်ကားစာရင်း အများဆုံးနှစ်တစ်နှစ်ဖြစ်သလို၊ မည်သည့်ဇာတ်ကားတွေက ဇကာတင်မှာပါသည်ဆိုတာကို ခါတိုင်းနှစ်များလို ထုတ်ပြန်ကြေညာခြင်းမပြုတဲ့အတွက် အနုပညာရှင်များအားလုံး မျှော်လင့်ရင်ခုန်ရသည့် အကယ်ဒမီဖြစ်ပါတယ်။ 
ဒီထက်ပို၍ ထူးခြားတာကတော့ အကယ်ဒမီပေးပွဲမှာ သိန်းပေါင်းသောင်းချီ တန်ဖိုးရှိတဲ့ ရွှေထည်ဝတ်စုံ အဆင်တန်ဆာတွေကို မင်းသားမင်းသမီးတွေ အပြိုင်အဆိုင် ဝတ်ကြမယ့် ပွဲကြီးတစ်ပွဲလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစဉ်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီပွဲဟာ သူ့ရဲ့ နှုတ်ဆက်ပွဲဖြစ်တယ်လို့လည်း ကြွေးကြော်ထားပါသေးတယ်။
 
ဒီလိုထူးခြားမှုတွေ ကြားထဲမှာ အကယ်ဒမီပွဲရဲ့ တင်ဆက်သူ ပရဲစင်တာ ဘယ်သူဖြစ်နိုင်မလဲဆိုတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မူလစီစဉ်ထားသည့် ပရဲစင်တာနေရာတွင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်နဲ့ အစားထိုးပြောင်းလဲမယ်လို့ သတင်းများထွက်နေပြီး ပွဲစီစဉ်သူ ကိုဂျွန်လွင်က ယခင် ပရဲစင်တာအဟောင်း စုံတွဲနှစ်ဦးကို အကူညီတောင်းထားတယ်လို့ ပြောဆိုခဲ့သလို၊ မတင်မိုးလွင်လည်း ပါဝင်လာနိုင်ပါသေးတယ်။ 
 
ဒါကြောင့် ဒီနှစ်အကယ်ဒမီပေးပွဲမှာတော့ ပရင်စင်တာတွေ ဘယ်နှစ်ယောက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တင်ဆက်သွားမယ်ဆိုတာကို ရင်ခုန်စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။
 
Ref:morningpost
Photo credit:Posh


Follow us on