1. Home
  2. Myanmar News

ဘဏ်နဲ့ချိတ်ရောင်းတဲ့ အရစ်ကျတွေ အရောင်းသွက်နေ

Myanmar News มี.ค. 15, 2560 view 1,508

ဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချတဲ့ အရစ်ကျတိုက်ခန်းတွေက ပိုင်ရှင်တွေရောင်းနေတဲ့ အရစ်ကျ တိုက်ခန်းတွေထက် အရောင်းအဝယ်ပိုသွက်နေတယ်လို့သိရပါတယ်။

‘အခုနောက်ပိုင်းခေတ်စားလာတာက အရစ်ကျရောင်းတာတွေ၊ ဘာလို့လဲဆိုတော့ အရစ်ကျတွေနဲ့ဆိုတော့ ဝန်ထုပ်ဝန်ပိုးတွေလဲ မဖြစ်လာနိုင်တော့ဘူးဆိုတော့ အဆင်ပြေနိုင်တယ်၊ ပြီးတော့ ပိုင်ရှင်တွေကရောင်းနေတဲ့ အရစ်ကျတိုက်ခန်းတွေထက် ဘဏ်နဲ့ ချတ်ဆက်ပြီးတော့ ရောင်းတာတွေကပိုပြီးတော့ အာမခံချက်တွေလဲ ရှိတယ်ဆိုတော့  အဲဒီလိုဘဏ်နဲ့ချိတ်ရောင်းတာတွေကတော့ အရောင်းတော်တော်သွက်တယ်လို့ ချမ်းမြေ့ဆောက် လုပ်ရေးကတာဝန်ရှိသူ မအေမီက ပြောပါတယ်။ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ရောင်းတာတွေက ခိုင်မာမှုတွေ၊ ယုံကြည်မှုတွေပိုရှိနိုင်တယ်လို့ သိရပါတယ်။

ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးရောင်းတဲ့အခါမှာ အတိုးပေးပြီး ၀ယ်ယူနိုင်သလို အတိုးမဲ့စနစ်တွေနဲ့လည်း ဝယ်ယူနိုင်တယ်လို့သိရပါတယ်။  ပိုင်ရှင်တွေရောင်းနေတဲ့ အရစ်ကျတိုက်ခန်းတွေကတော့ အာမခံချက် မရှိတာ၊ ပေးဆောင်ရတဲ့ နှစ်တွေနည်းနေတာကြောင့် ဝယ်ယူသူ နည်းပါးနေတယ်လို့ သိရပါတယ်။ ဘဏ်နဲ့ချိတ်ဆက်တဲ့ အရစ်ကျစနစ်တွေကတော့ နှစ် ၃၀ လိုမျိုး နှစ်ရှည်ပေးသွင်းနိုင်တာကြောင့် ဝယ်ယူသူတွေများပြားပါတယ်။ အခုနောက်ပိုင်း ကန်ထရိုက်တော်တော်များများကလည်း နှစ်ရှည် အရစ်ကျပေးနိုင်တဲ့ တိုက်ခန်းတွေကိုဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချပေးတာများလာတယ်လို့သိရပါတယ်။

Credit : kumudranews



Follow us on