1. Home
  2. Special or Others

မူကြိုကျောင်းကနေ ဖောက်ထွင်းထွက်ပြေးပြီး Jaguar ကားဝယ်ဖို့ ကြိုးစားခဲ့တဲ့ ကလေးငယ် ၂ ဦး

Special or Others มี.ค. 15, 2560 view 1,658

အသက် ၅နှစ်သာ ရှိသေးတဲ့ မူကြိုကျောင်းတက်နေတဲ့ ကလေး ၂ ယောက်ဟာ သူတို့တက်နေတဲ့ မူကြိုကျောင်းထဲကနေ လှိုဏ်ခေါင်း သဖွယ် အပေါက်တစ်ခုကို တူးပြီး ကျောင်းထဲကနေ ခိုးထွက်ပြီး Jaguar အမှတ်တံဆိပ် ကားအရောင်းပြခန်းကို မိုင်ပေါင်းများစွာ လမ်းလျှောက်သွားပြီး ကားဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေ အရ သိရပါတယ်။

ရုရှားနိုင်ငံ ၊ Magnitogorsk မြို့မှာရှိတဲ့ Jaguar ကားအရောင်းပြခန်းရဲ့ အပြင်ဘက်မှာ တွေ့လိုက်ရပြီး သူတို့ ၂ ယောက်ဟာ ကားအရောင်းပြခန်းအတွင်းကိုလည်း ငေးနေကြပြီး ဘေးကရပ်ကြည့်နေသူတွေကိုလည်း သူတို့ဟာ အရွယ်ရောက်ပြီးသား ကားတစ်စီး ကို လိုချင်တယ်လို့ လဲပြောခဲ့ပါသေးတယ် ။

ခိုးထွက်လာခဲ့တဲ့ ကလေး ၂ ယောက်ဟာ Ordzhonikidze ရဲစခန်းကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရ တယ်လို့ Siberian Times သတင်းဌာနက ဖော်ပြထားပါသေးတယ်။ သူတို့ ၂ ယောက်ဟာ ရဲစခန်း အရောက်မှာတော့ သူတို့ အနေနဲ့ ကျောင်းကနေ ထွက်ပြေးလာဖို့အတွက် ရက်ပေါင်းများစွာ ပြင်ဆင်ခဲ့ရပြီး အရုပ်တွေကို အသုံးပြုကာ ခြံစည်းရိုး အောက်မှာ အပေါက်တစ်ခု ဖြစ်လာအောင် တူးခဲ့ကြတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။ သူတို့ဟာ ကျောင်းဝန်ထမ်းတွေ အခြား တစ်နေရာကို အာရုံစိုက်နေတဲ့အချိန် ကျောင်းထဲကနေ လစ်ထွက်လာကြတာဖြစ်ပါတယ်။

မူကြိုကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ Olga Denisenko ကတော့ "ဒါဟာ စည်းကမ်းချိုးဖောက်တဲ့ ကိစ္စပါ။ ဒီကိစ္စဖြစ်လာဖို့ ခွင့်ပြုခဲ့တဲ့ သူတွေကတော့ အလုပ်ထုတ်ခံရမှာပါ" လို့ ပြောထားပါသေးတယ် ။ မူကြိုကျောင်းအနေနဲ့တော့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို သိရှိရခြင်း မရှိသေးပဲ သိထားသလောက်ကိုသာ အတည်ပြုပေးနိုင်သေးတာ ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

 



Follow us on