တရုပ်နိုင်ငံရဲ့ မြို့လည်လမ်းမတစ်ခုပေါ်မှာ သတို့သမီးဝတ်စုံနဲ့ အမျိုးသမီးတစ်ဦးက ဂျင်းဘောင်းဘီ၊ တီရှပ်၊ ဂျပ်ကတ်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးရဲ့ လက်နှစ်ဖက်ကို သံကြိုးနဲ့ချည်နှောင်ကာ ကတ္တရာလမ်းမပေါ် တရွတ်တိုက်ဆွဲခေါ်နေတဲ့ ဖြစ်ရပ်ကြောင့် လူတွေဝိုင်ကြည့်နေခဲ့ပါတယ်။
အွန်လိုင်းသတင်းများအရ မင်္ဂလာပွဲချိန်တွင် ရောက်မလာသော သတို့သားအား သတို့သမီးဖြစ်သူက လိုက်ရှာကာ စိတ်ဆိုးမာန်ဆိုးနဲ့ မင်္ဂလာခမ်းမဆီကို သံကြိုးခတ်ပြီး ခေါ်သွားဖို့ ကြိုးစားခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါ အဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းတင်ခဲ့သူ တစ်ဦးက အွန်လိုင်းပေါ်တင်ခဲ့ရာ ကြည့်ရှုသူများပြီး ဝေဖန်ပြောဆိုကြတဲ့ ဗီဒီယိုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကောင်လေး၏ သဘောဆန္ဒမပါပဲ မင်္ဂလာပွဲကို စီစဉ်တဲ့အတွက် သတို့သားအဖြစ် မလာခဲ့တာဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသလို၊ လက်ထပ်ဖို့ ကတိပေးပြီးမှ မင်္ဂလာပွဲကို ရှောင်ပေးတာလည်း ဖြစ်နိုင်တယ်လို့ ဝေဖန်ခဲ့သူတွေ ရှိပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ အဆိုပါဗီဒီယိုကတော့ အွန်လိုင်းမှာ လူကြည့်များနေတာ အမှန်ပဲဖြစ်ပါတယ်။