1. Home
  2. Special or Others

Samsung ဖုန်းပေါက်ကွဲပြီး ၅ နှစ်သမီးလေး မျက်နှာတစ်ခြမ်း မီးလောင်ကျွမ်း

Special or Others มี.ค. 15, 2560 view 1,929
Samsung အမှတ်တံဆိပ် စမတ်ဖုန်း ပေါက်ကွဲမှုကြောင့် အိပ်ပျော်နေတဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မျက်နှာတစ်ခြမ်း မီးလောင်မှုတစ်ခု တရုပ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပါတယ်။
 
နံနက် ၄  နာရီအချိန်ခန့်တွင် ဂွီကျိုးပြည်နယ်က မိသားစုတစ်ခုရဲ့ နေအိမ် အိပ်ခန်းထဲက ကျယ်လောင်တဲ့ ပေါက်ကွဲသံကြောင့် ဖခင်ဖြစ်သူ လန့်နိုလာခဲ့ပြီး သူ့နံဘေးမှာ အိပ်နေခဲ့တဲ့ ၅ နှစ်သမီးငယ် ယွန်းရဲ့ မျက်နှာတစ်ခြမ်းဟာ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေတာကိုတွေ့ခဲ့ရပါတယ်။
 
လင်မယားနှစ်ဦးဟာ သမီးလေးကို ပွေ့ပြီး အန်ရှောမြို့ဆေးရုံကို အမြန်ပြေးထွက်ခဲ့ပါတယ်။ ကုသမှုခံယူခဲ့ပေမယ့် သမီးငယ်ရဲ့ မျက်နှာပေါ်က အမာရွတ်တွေကတော့ သေရာပါအနာရွတ်တွေ ဖြစ်ကျန်ခဲ့ပါတယ်။ သမီးငယ်ဟာ မျက်နှာ မီးလောင်ဒဏ်ရာကြောင့် မအိပ်နိုင်၊ မစားနိုင်ဖြစ်နေကြောင်း မိခင်ဖြစ်သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
 
 
ဖခင်ဖြစ်သူ ဖန်းလိန်လိန်၏ ထွက်ဆိုချက်အရ သူ၏ Samsung Note 4 ကို အိပ်ယာဘေးမှာ တစ်ညလုံး အားသွင်းထားရာမှ ထပေါက်ကွဲခဲ့တာဖြစ်ပြီး သူ၏ဆံပင်များပါ မီးကျွမ်းခဲ့ကြောင်း၊ သမီးငယ်မှာ အားသွင်းထားသည့် ဖုန်းအနီးတွင် အိပ်ပျော်ခဲ့သည့်အတွက် ဆိုးရွားစွာ ခံစားခဲ့ရကြောင်း ပြောပြသည်။
 
အဆိုပါဖုန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လကမှ ယွမ်ငွေ ၂၆၉၉ နဲ့ ဖုန်းဆိုင်က ဝယ်ယူခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သတင်းထောက်များက ဖုန်းဆိုင်အား သွားရောက်စုံစမ်းခဲ့ရာ ဝယ်ယူခဲ့ကြောင်း မှန်ကန်သည့်အပြင် အဆိုပါဖုန်းဆိုင်မှာ ဆမ်ဆောင်းကုမ္ပဏီ အသိမှတ်ပြု ဖြန့်ဖြူးရေးဆိုင် တစ်ဆိုင်လည်းဖြစ်သည်။
 
ထိုဆိုင်မှ ဆေးကုသစရိတ်အတွက် ယွမ် ၁၀,၀၀၀ ကို မိသားစုအတွက် ပေးအပ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်အတွက် ဆမ်ဆောင်းပင်ရင်းကို ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။ 
ဖခင်ဖြစ်သူ ဖန်း၏ အဆိုအရ ဆမ်ဆောင်းကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦး သူ့အိမ်သို့ရောက်လာပြီး အခုလို ပေါက်ကွဲရတာ ဘက်ထရီအတု သုံးလို့ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒါပေမယ့် ဖုန်းမှာ ဝယ်ပြီးကထဲက တစ်ခါမှ ဘတ်ထရီ မလဲရသေးကြောင်း ဖန်းက ပြောဆိုခဲ့သည်။
 
 
Samsung Galaxy Not 7 မှ စတင်ကာ ဆမ်းဆောင်းဖုန်းများ၏ ပေါက်ကွဲမှုများ နေရာဒေသအနှံ့တွင် ကြားနေရသော်လည်း ဆမ်ဆောင်ဖုန်းများအတွက် ဘက်ထရီ ထုတ်လုပ်ပံ့ပိုးပေးနေသော စက်ရုံနဲ့ပင် ဆက်လက် အလုပ်လုပ်ကာ နောင်လာမည့် Galaxy S8 လည်း ယင်းကတ်ထရီများသာ တပ်ဆင်လိမ့်မည်ဖြစ်သည်။
 


Follow us on