1. Home
  2. Special or Others

Facezam App မှာ မားကတ်တင်းကုမ္ပဏီတစ်ခု၏ ဈေးကွက်လှည့်စားမှုသာဖြစ်

Special or Others มี.ค. 15, 2560 view 1,758
လွန်ခဲ့သည့် ရက်အနည်းငယ်က အင်တာနက်စာမျက်နှာများပေါ်တွင် လမ်းမှာတွေ့သည့် မည်သူကိုမဆို ဓါတ်ပုံရိုက်ယူပြီး ထိုသူ၏ ဖေ့စ်ဘွခ်အကောင့်ကို ရှာဖွေပေးနိုင်မည့် “Facezam”  မိုဘိုင်းအပလီကေးရှင်းတစ်ခု ထွက်ရှိမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
 
 
သတင်းများတွင် ဗြိတိသျှ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုက မည်သူကိုမဆို မျက်နှာကို ဓါတ်ပုံရိုက်လိုက်ရုံဖြင့် ထိုသူ၏ ဖေ့စ်ဘွခ်အကောင့်ကို ရှာဖွေပေးနိုင်မည့် အပလီကေးရှင်း ထုတ်တော့မည် ဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် အားလုံးကအထိတ်တလန့် ဖြစ်ခဲ့ပြီး အဆိုပါသတင်းမှာ တမုချင်းမဟုတ် ပျံ့နှံ့ခဲ့သည်။
 
“Facezam” App ၏ လုပ်ဆောင်ချက်မှာ ရိုက်ကူးထားသည့် ဓါတ်ပုံကို ဖေ့စ်ဘွခ်ပေါ်ရှိ ဓါတ်ပုံများနှင့် တစ်စက္ကန့်လျှင် ဓါတ်ပုံပေါင်း တစ်ဘီလီယံကို မြန်နှုန်းမြင့် တိုက်စစ်ပေးနိုင်ပြီး မှန်ကန်မှု ၇၀%  ရှိကြောင်း ၎င်းဝဘ်ဆိုက်တွင် ဖော်ပြထားခဲ့သည်။
 
အဆိုပါသတင်းနာမည်ကြီးသွားပြီးနောက် “facezam.com” ဝဘ်ဆိုက်ကို လူကြည့်များခဲ့သည်။
 
 
သို့သော် ယနေ့မှာတော့ ထိုကဲ့သို့ သတင်းလွှင့်ခဲ့ခြင်းသည် အွန်လိုင်းဈေးကွက်ဖန်တီးရေး အေဂျင်စီ zacozo ရဲ့ လုပ်ကြံသတင်းသာ ဖြစ်ပြီး အဆိုပါ App မှာ ထွက်မည်မဟုတ်ကြောင်း ရှင်းလင်းရေးသားခဲ့သည်။
 
 
“Facezam” ၏ အစွမ်းကြောင့် သူတို့၏ ဝဘ်ဆိုက်ကို လူသိခဲ့ပြီဖြစ်သဖြင့် အလုပ်အပ်လိုသူများ ဆက်သွယ်ရန် ကြေညာခဲ့သည့် မားကတ်တင်းတစ်ခုသာ ဖြစ်ပြီး မျက်နှာပုံနှင့် ဖေ့စ်ဘွခ်အကောင့် ရှာဖွေပေးမည်ဆိုသော Facezam App မှာ ဈေးကွက်လှည့်စားမှု သက်သက်သာ ဖြစ်သည်။
 

>> facezam.com သို့ကိုယ်တိုင်သွားရောက်လေ့လာနိုင်ပါတယ် <<



Follow us on