1. Home
  2. Movie Stars - Celebrity

ဆက်ပတ် သီချင်း ကြောင့် တစ်ရက် တည်း အားပေး သူ သိန်းချီ သွားတဲ့ ဒီထက်ရှိုင်း

Movie Stars - Celebrity มี.ค. 15, 2560 view 2,570

ထူးခြား တဲ့ သီချင်း ခေါင်းစဉ်ကြောင့် ပရိသတ် ရဲ့ စိတ်ဝင်စား အားပေး မှု များစွာ ရရှိလာတဲ့ တေးသံရှင် ဒီထက်ရှိုင်းက ဆက်ပက် သင်္ကြန်တေး သီချင်း ဖန်တီးဖြစ်ခဲ့ပုံ အခုလိုပြောပြပါတယ်။“ကျွန်တော် ဒီသင်္ကြန် သီချင်း ဖန်တီးဖြစ်တာက ကျွန်တော်က သင်္ကြန်ကိုချစ်တယ်။ သင်္ကြန်နားနီးတော့ သီချင်းလေး တစ်ပုဒ်လောက်တော့ လုပ်မယ်ဆိုပြီး စဉ်းစားမိပြီး ဒီသီချင်းလေး ရေးဖြစ်ပါတယ်။

သင်္ကြန်သီချင်းလေးအမြူးလေးတွေက ပိုပြီး နားထောင်ရတာ အဆင်ပြေတယ် ဆိုတော့ ရေပက်တဲ့ အကြောင်း လေးတွေကိုပဲ ရေးတာပါ။ သင်္ကြန်မှာ ရေတွေ မနားတမ်း ပက်ပေါ့ နော်။ ဆက်ပြီးတော့ ပက်ပေါ့။ ဆက်ပက် လိုက်ပါဆိုတဲ့ ပုံစံလေး ပဲရေးပြီး ဆိုဖြစ်သွားတာပါ။ ဒါပေမဲ့ ခေါင်းစဉ်ပေးတော့ ရယ်စရာ လည်းဖြစ်တယ်၊ ရိုးသလိုနဲ့ ဆန်းသွားတာလည်း ဖြစ်အောင် ဆက်ပက် ဆိုပြီးတော့ ပေးဖြစ်လိုက်တာပေါ့။

ဒီသီချင်းကို ပထမဆုံး Myanmar Music Network ကနေ ရောင်းမယ်ဆိုပြီး တင်လိုက် တော့ စတင်တဲ့နေ့ပဲ နားထောင်တဲ့သူတွေ၊ download လုပ်တဲ့သူ တွေနဲ့ အားပေးတဲ့သူတွေရော၊ ဝေဖန်တဲ့သူတွေရော သိန်းချီသွား တယ်။ ကျွန်တော်က မန္တလေး ကဆိုတော့ ရန်ကုန် ပရိသတ် နဲ့ နည်းနည်း အလှမ်းဝေးတာပေါ့။ ဒါပေမဲ့ ဒီသီချင်းလည်း တင်ပြီးရော ရန်ကုန် က ပရိသတ်တွေ ကပါ သိပြီးအားပေးလာကြတယ်။

ဒီလိုပရိ သတ်တွေ အားပေးလာတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာ ပါတယ်။ ကျွန်တော့်သီချင်းလေးကလည်း ခေါင်းစဉ် က စိတ်ဝင်စား စရာကောင်းပေမယ့် ရိုင်းစိုင်းတဲ့ စကားအသုံးအနှုန်း တစ်ခုမှ မပါပါ ဘူး။ နားထောင်ပြီးတဲ့ ပရိသတ်တိုင်း သိပါတယ်။ အခု ဒီသီချင်း ကို အမ်တီဗွီ ရိုက်နေပါ တယ်။ ပရိသတ် ကြည့်လို့ကောင်း မယ့် ပုံစံလေး ဖန်တီးထားပါတယ်။ ဆက်အားပေးကြပါဦး”လို့ ပြောခဲ့ပါတယ်။

Credit:Lwin pyin 



Follow us on