1. Home
  2. Myanmar News

သည်နှစ်သင်္ကြန် ပစ္စည်းအသစ်ထွက်ပေမဲ့ ဈေးတက်နေ

Myanmar News มี.ค. 15, 2560 view 1,490

သည်နှစ်သင်္ကြန်အတွက် ပစ္စည်းအမျိုးမျိုးထွက်ပေမဲ့ အရင်နှစ်ကထက် ဈေးအနည်းငယ်တက်ပါတယ်။ သည်နှစ်မှာ လူရုပ် မျက်နှာဖုံးတွေ၊ ဝက်ရုပ်မျက်နှာဖုံးတွေ ဒီဇိုင်းအမျိုးမျိုးထွက် တယ်။ ပဝါတွေက အရင်နှစ်ကနဲ့မတူတဲ့ သည်နှစ်အသစ်လေးတွေထွက်တယ်။ ရေပိုက်တွေလည်း သည်နှစ်မှာ ကြိုးလွယ်အိတ်ဒီဇိုင်းလေးတွေ၊ ပြီးတော့ တက်တူးအတုတွေနဲ့ ဆံပင်ဆိုးဆေးတွေလည်း အရင်နှစ်ကနဲ့ မတူတဲ့ အရောင်တွေ အမျိုးမျိုးထွက်တာတွေ့ရတယ်။ ဈေးနှုန်းတွေကလည်း အရစ်နှစ်ကနဲ့မတူဘဲ ပစ္စည်းအမျိုးအစားအလိုက်ဈေး အနည်းငယ်တက်တာကိုတွေ့ရတယ်။ အရင်နှစ်က ၁၅၀ဝ လောက်နဲ့ရောင်းရတဲ့ ပစ္စည်းတွေဆိုရင် ၁၈၀ဝ လောက်တက်တယ်။ ၂၀ဝ၀ လောက် ရောင်းရတာတွေဆို ၂၄၀၀ လောက်တက်ပြီး အစစဈေးနှုန်းအလိုက် အနည်းငယ်ဈေးတက်ပါ တယ်။ ဈေးတက်တာကလည်း ဒေါ်လာဈေးအတက်အကျနဲ့ဆိုင်ပါတယ်။

‘ပစ္စည်းတွေက တရုတ်ကသွင်းတာဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာဒေါ်လာနဲ့ ပေးဝယ်ရတာလေ၊ ဒေါ်လာဈေးတက်တော့ ပစ္စည်းတွေကိုလဲ ဈေးတင်ရောင်းရ တယ်၊ ပြီးတော့ ခရီးစရိတ်ကလဲရှိသေးတယ်လေ၊ လမ်းစရိတ်တွေကိုတွက်ချက် ပြီးတော့မှ ရောင်းရတာဖြစ်ပါတယ်၊ အဲဒီတော့ တရုတ်ကပစ္စည်းယူရတာဈေး နည်းနည်းတက်တော့ အစ်ကိုတို့အနေနဲ့လဲ ဈေးအနည်းငယ်တင်ရောင်းရတာ ဖြစ်တယ်လို့ 777 နိုင်ငံခြားဖြစ်ကစား စရာအရုပ်ဆိုင်က ကိုအောင်ဖြိုးဆီက သိရပါတယ်။

လက်ရှိ သိမ်ကြီးဈေး၊ မင်္ဂလာဈေးမှာ ရန်ကုန်မြို့အတွင်း ပြန်ရောင်းချမယ့် သူတွေဝယ်ယူတာများနေပြီး အောက်မြန်မာပြည်ကိုလည်း လက်ကား ဖြန့်ဖြူး ရောင်းချနေတယ်လို့ သိရပါတယ်။ဒီလမတ်လအတွင်းမှာလက်လီရောင်းတာရော၊ လက်ကားရောင်းတာရော တစ်နေ့ကို သိန်း ၂၀ လောက်ရောင်းနေရတယ်လို့ Shwe Dingar အရောင်းဆိုင်က ကို အောင်အောင်က ပြောပါတယ်။ သည်နှစ်အတွင်းထွက်တဲ့ မျက်နှာဖုံး၊ ရေပိုက်လေးတွေပိုပြီးရောင်းနေရပြီး ပစ္စည်းတွေက အရင်နှစ်ကထက် ပိုရောင်းကောင်းနေတယ်လို့သိရပါတယ်။

Credit : kumudranews



Follow us on