1. Home
  2. Myanmar News

တာမွေထွေအုပ်ရုံးဝင်းအတွင်း ဒုဦးစီးမှူး ကြိုးဆွဲချသေဆုံး

Myanmar News มี.ค. 15, 2560 view 1,605
တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌါနဝင်းအတွင်း မတ်လ ၁၅ ရက်(ယနေ့) နံနက် ၁၀ နာရီအချိန်ခန့်က ဒုဦးစီးမှူး ကြိုးဆွဲချသေဆုံးလျှက် တွေ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
 
သေဆုံးသူ အသက် ၃၅ နှစ်အရွယ် ဒုဦးစီးမှူး ဦးနေမျိုးဆွေမှာ အဆိုပါဌါနဝင်း၏ အနောက်ဘက်ရှိ ၎င်းနေထိုင်ရာ လိုင်းခန်းတွင် ဘယ်ဘက်နဖူး ပေါက်ပြဲဒဏ်ရာဖြင့် ကြိုးဆွဲချ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ သူ၏ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲအချိန်ထိ ပြင်ပနှင့် ဖုန်းဆက်သွယ်ခဲ့သေးကြောင်း သိရှိရသည်။
 
ဒုဦးစီးမှူးသေဆုံးခဲ့ခြင်းနှင့် ပက်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးလျှက်ရှိပြီး ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ဆောင်ရွက်နေကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 
 
Credit:TheVoice
 


Follow us on