1. Home
  2. Myanmar News

ရန်ကုန်မြို့ရှိမီးပွိုင့်များတွင် CCTV တပ်ဆင်မှု ဧပြီလတွင် အပြီးဆောင်ရွက်မည်

Myanmar News มี.ค. 16, 2560 view 1,685
ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် CCTV တပ်ဆင်မှုများကို ဧပြီလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။
 
ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီး (၁၁)လမ်းပေါ်ရှိ မီးပွိုင့် (၁၅၄)ခုတွင် CCTV များတပ်ဆင်၍ ထိန်းချုပ်ရေးစင်တာမှ ယာဉ်ကြောရှင်းလင်းခြင်းနှင့် စည်းကမ်းဖောက်ယာဉ်များအား အရေးယူနိုင်ရေအတွက် ဆောင်ရွက်ခဲ့ရာ ၈၀% လုပ်ငန်းပြီးစီးနေပြီး ကျန် ၂၀% ကို  ဧပြီလတွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 
 
မီးပွိုင့်များတွင် CCTV တပ်ဆင်နေမှုလုပ်ငန်းကို ယခင်အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ချပေးခဲ့သည့် တရုပ်ကုမ္ပဏီ CRCC(China) နှင့် ပြည်တွင်းကုမ္ပဏီ Myanmar Shwe Yin တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။
 
CCTV များတပ်ဆင်မှုပြီးစီးသွားပါက မှတ်တမ်းများမှတစ်ဆင့် တိတိကျကျဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောကြားသည်။
ဒီဟာက အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့ မရပါဘူး။ အကုန်ပေါင်းပြီးတော့လုက်ရမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေပါမယ်။ အဓိက ကတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ပါမှာဖြစ်ပါတယ်။ နောက်တော့ Control Centre တွေ ပါမှာဖြစ်ပါတယ်။ အခုလို သုံးဖွဲ့ပေါင်းပြီး လုပ်ဆောင်ရင်တော့ ရလာဒ်ကောင်းကတော့ ထွက်လာမှာပါ” ဟု ပြောဆိုခဲ့သည်။
 
Popular


Follow us on