အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း၏ သင်္ကြန်တေးသီချင်းအသစ်နှစ်ပုဒ်ကို Bo Bo Music Production က လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပရိသတ်များနားဆင်နိုင်ရန် အခမဲ့ တင်ပေးခဲ့ကြောင်း သိရှိရသည်။
စီးရီးအခွေအဖြစ်ထွက်ရှိမည်မဟုတ်ပဲ အွန်လိုင်းကသာ ပရိသတ်အတွက် Bo Bo Music Production ကို အကူညီတောင်းကာ အခမဲ့ဖြန့်ဝေသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်္ကြန်သီချင်းနှစ်ပုဒ်ကို Bo Bo Music Production ဖေ့စ်ဘွခ်ပေ့ခ်ျတွင် မတ်လ ၁၃ ရက်နေ့က တင်ပေးခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ နှစ်ခြိုက်မှုရှိကြောင်း သိရှိရသည်။