1. Home
  2. Myanmar News

တန်ဖိုးနည်း အငှားအိမ်ယာမှာနေရင်း စင်ကာပူလိုအိမ်ယာဝယ်နိုင်မည့် အစီစဉ် စတင်မည်

Myanmar News มี.ค. 16, 2560 view 1,533
အိမ်ယာမဝယ်ယူနိုင်သေးသော ဝင်ငွေနည်းပြည်သူများအတွက် အငှားအိမ်ယာမှာ နေရင်း အိမ်ယာဝယ်လာယူနိုင်အောင် စီမံကိန်းချ စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) မှ သိရှိရသည်။
 
တန်ဖိုးနည်းအငှားအိမ်ယာများကို ဧပြီလလယ်မှ စတင်ကာ တည်ဆောက်ရန်စီစဉ်ထားပြီး ဝင်ငွေနည်းပြည်သူများ အငှားအိမ်ယာတွင် နေထိုင်ရင်း ပိုက်ဆံစုကာ တန်ဖိုးနည်းအိမ်ယာ ဝယ်ယူပိုင်ဆိုင်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA)ဥက္ကဋ္ဌ ဦးသာဌေးက တန်ဖိုးနည်းမဝယ်ယူနိုင်သေးတဲ့ သူတွေအတွက် အငှားအိမ်ပေး မယ်၊ အဲဒီကနေစုပြီးတန်ဖိုးနည်းတတ်နိုင်ရင် စင်ကာပူလိုသင့်တင့်တဲ့အိမ် ရာလုပ်ပေးမယ်၊  ဒီကြားထဲမှာနေစရာရှိအောင် အငှားအိမ်ရာဆောက်ပေး မယ်လို့ ပြောဆိုခဲ့ပါတယ်။ 
 
တန်ဖိုးနည်းတန်ဖိုးမျှ အိမ်ယာစီမံကိန်းများကို လာမည့် ဘဏ္ဍာရေးနှစ်မှစတင်ကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး နေရာကောင်းများတွင်သာ အိမ်ယာများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
တန်ဖိုးနည်းအိမ်ခန်း တစ်ခန်း၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ ဝန်းကျင်ကျသင်မည်ဖြစ်ပါတယ်။ ဘဏ်တွင် ကျပ်သိန်း ၃၀ စုထားပြီးပါက ကျပ်သိန်း ၁၀၀ တန်အိမ်ဝယ်ယူနိုင်ပြီး ကျန်ငွေ ၇၀% ကို ၁၀ နှစ်အရစ်ကျ စနစ်နဲ့ ပေးချေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
 
Ref:ကုမုန္ဒြာ
 


Follow us on