1. Home
  2. Special or Others

တန်ဖိုးကြီး အဆောင်အယောင် အနေနဲ့ ဝတ်ဆင်နိုင်မယ့် စမတ်လက်ပတ်နာရီများ

Special or Others มี.ค. 16, 2560 view 1,603

တစ်ချိန်တုန်းကတော့ လက်ပတ်နာရီတွေကို အချိန်ကို သတ် မှတ်ဖော်ပြပေးတဲ့ ကိရိယာအနေ နဲ့အပြင် အဆောင်အယောင် တစ်ခုအနေနဲ့ပါ ဝတ်ဆင်ခဲ့ကြ တယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ တော့ နည်းပညာနယ်ပယ်ဘက်ကို ပိုယိမ်းတဲ့ စမတ်လက်ပတ် နာရီတွေ အသုံးတွင်ကျယ်လာ ပါတယ်။ ဒါပေမဲ့ စမတ်လက် ပတ်နာရီတွေရဲ့ အဓိက ရည် ရွယ်ချက်ကိုက နိစ္စဓူဝလူနေမှု ဘဝကို အထောက်အပံ့ပေးဖို့အ တွက်ပဲ ပစ်မှတ်ထားတာကြောင့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဒီဇိုင်းတွေနဲ့ ထုတ်လုပ်လေ့ရှိပါ တယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝ သူတွေရဲ့ တောင်းဆိုမှုကြောင့်တန်ဖိုးကြီး စမတ်လက်ပတ်နာရီ တွေ သီးသန့်ထုတ်လုပ်တဲ့ ဈေး ကွက်တစ်ခုလည်း ရှိနေပြန်တယ်။ အခုဆောင်းပါးမှာတော့ စတိုင် လည်းကျ၊ တန်ဖိုးလည်းကြီးပြီး စမတ်နည်းပညာ အထောက်အပံ့ ပါဝင်တဲ့ လက်ပတ်နာရီငါးမျိုးကို စုစည်း ဖော်ပြလိုက်ပါတယ်။

Breitling Exospace B55

စမတ် App တစ်ခု ပါဝင်တဲ့ လက်ပတ်နာရီရဲ့ အချိန်သတ်မှတ်ချက် ပြောင်းလဲမှုတွေ၊ နှိုးစက်ပေးထားတာတွေ၊ Night Modeပြောင်းသုံးတာတွေ အားလုံးကိုအဝေးထိန်းစနစ်နဲ့ လုပ်ဆောင်နိုင်တယ်။ နာရီကနေ ကိုယ့်အီးမေးလ် ကို စစ်နိုင်သလို Whatsapp ရဲ့Notification တွေကို စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ စမတ်ဖုန်းနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အဆင့်မြင့် နာရီတွေရဲ့ လုပ်ငန်းစဉ်အားလုံး လိုလိုကို ခေတ်သစ်ဒစ်ဂျစ်တယ် နည်းပညာပိုင်းနဲ့ ပေါင်းစပ်ထားပြီး အမှတ်တံဆိပ်တန်ဖိုးကြောင့် ဈေးကလည်း မြင့်ပါတယ်။ နာရီတစ်လုံးကို ဒေါ်လာ ၈,၉၀၀ လောက်ကျသင့်မှာပါ။ လေယာဉ်မှူးတွေ အတွက် အသုံးဝင်တဲ့ Feature တစ်ခုအဖြစ် ပျံသန်းချိန် ခန့်မှန်းမှု နဲ့ ပျံသန်းတဲ့ အခေါက်ရေ တွက် ချက်တဲ့ စနစ်မျိုးကိုလည်း ထည့် သွင်းထားပါတယ်။

Bulgari Diagono Magnesium Bulgari

ဟာ ရတနာစီခြယ် တန်ဖိုးကြီး နာရီတွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် လူသိများပြီးသားပါ။ ဒီဒေါ်လာ ၄,၆၀၀ တန်နာရီမှာတော့ စမတ်နည်းပညာ ပိုင်းကို နည်းနည်းပိုပြီး မိတ်ဆက် ထည့်သွင်းလာခဲ့တယ်။ နာရီရဲ့အချိုးအဆက်နဲ့ ဒီဇိုင်းလက်ရာက တော့ Bulgari ရဲ့ ထုံးစံအတိုင်းအနာအဆာမရှိပါဘူး။ NFC Chipတစ်ခု ထည့်သွင်းထားပြီး နာရီက နေ ငွေချေတာမျိုး၊ အိမ်တံခါးတွေ အဖွင့်အပိတ်အတွက် ထိန်းချုပ် တာမျိုးတွေ လုပ်နိုင်ပါတယ်။ နာရီကို Bulgari Vault ဆိုတဲ့ စမတ်App တစ်ခုအသုံးပြုပြီး စမတ်ဖုန်း တွေ၊ Tablet တွေနဲ့လည်း ချိတ် ဆက်အသုံးပြုနိုင်ပါတယ်။

Kairos Hybrid Kairos

ရဲ့ ဒီစမတ်လက် ပတ်နာရီကတော့ ဈေးကွက်ထဲမှာ အသုံးတွင်ကျယ်တဲ့ စမတ်လက် ပတ်နာရီ အများစုနဲ့ အတော်လေး လုပ်ငန်းဆောင်တာပိုင်း တူညီတယ်။ အီးမေးလ်တွေ၊ ဖုန်းတွေ၊Text Message တွေ ဝင်လာရင် နာရီကနေ အချက်ပေးနိုင်ပါ တယ်။ ပြီးတော့ ကျန်းမာရေးအထောက်အကူပြု Feature တွေလည်း ပါဝင်တယ်။ နေ့စဉ် ကိုယ် လက်လှုပ်ရှားမှု၊ စားသုံးလိုက်တဲ့ ကယ်လိုရီပမာဏတွေကို တွက်ချက်ပေးတဲ့စနစ်တွေ ထည့်သွင်း ပေးထားပါတယ်။ ပြီးတော့ ဒေါ်လာ ၂,၆၀၀ တန် နာရီဟာ ကွန်ပျူတာကို ချိတ်ဆက်အသုံး ပြုရမယ့် အဝေးထိန်းကိရိယာ အနေနဲ့လည်း အဆင်ပြေပါ တယ်။

TAG Heuer Connected TAG Heuer

က App တွေ ကို တုံ့ပြန်မှုကောင်းကောင်း ကိုင် တွယ်ပေးနိုင်မယ့် Display မျိုးနဲ့စမတ်လက်ပတ်နာရီ မူကွဲသုံးမျိုးလောက်ကို စမ်းသပ်ဖန်တီးခဲ့ပါ တယ်။ Connected နာရီကတော့ နာရီဒိုင်ခွက် အလယ်ကို ဖိထားရင် သက်ဆိုင်ရာ App ကိုScreen တစ်ခုလုံးအပြည့် ပေါ်လာတဲ့ တုံ့ပြန်မှုမျိုးပါဝင်တယ်။ ဒီ လက်ပတ်နာရီရဲ့ စမတ် Featureတွေကို ကိုင်တွင်မောင်းနှင်နိုင်စေ ဖို့ Intel ရဲ့ Atom Processor Z34XX ကို အသုံးပြုထားပြီး Android Wear OS နဲ့ မောင်းနှင်စေပါတယ်။ ပြီးတော့ နာရီမှာ သေး ငယ်တဲ့ မိုက်ခွက်လေးတစ်ခု တပ်ဆင်ထားတယ်။ ဒါကလည်း ဒေါ် လာ ၁,၅၀၀ တန် Connected ကိုGoogle ရဲ့ Voice Control စနစ်မှာပါ ချိတ်ဆက်အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။

Frederique Constant

စမတ်လက်ပတ်နာရီဆိုပေ မယ့် အပြောင်းအလဲလုပ်နိုင်တဲ့ ဒိုင်ခွက် အဆင်အပြင်နဲ့တော့ မဟုတ်ဘူး။ ဒေါ်လာ ၁,၃၀၀ တန်နာရီမှာ Analog ဒိုင်ခွက်တစ်ခု တပ်ဆင်ထားပြီး စမတ်ဖုန်းနဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီချိတ်ဆက်မှုအတွက် MotionX-365 ဆိုတဲ့ App ကို အသုံးပြုရပါမယ်။ နာရီမှာပါရှိတဲ့ အာရုံခံစနစ်က ဝတ်ဆင်သူရဲ့ နေထိုင်မှုပုံစံကိုတောက်လျှောက် အကဲခတ်ဆန်း စစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး အထောက် အကူပြု စမတ်ကိရိယာတစ်ခုအနေနဲ့ အသုံးဝင်မှာပါ။ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုမှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ကိုလည်း ထင်ထင်ရှားရှား ပြသ ပေးနိုင်အောင် စီစဉ်ထားတယ်။ MotionX အင်ဂျင်ဟာ iOSနဲ့ရော၊ Androidနဲ့ပါ အဆင်ပြေပြေ အ သုံးတည့်နိုင်တယ်လို့လည်း သိရ ပါတယ်။

Credit : 7daydaily



Follow us on