1. Home
  2. Special or Others

ရှစ်နှစ်အရွယ်သမီးငယ်ကို ကားတိုက်ခံခိုင်းပြီး ငွေညှစ်တဲ့ဖခင် ရုပ်/သံ

Special or Others มี.ค. 17, 2560 view 1,568
တရုပ်နိုင်ငံ၏ ကားလမ်းမပေါ်တွင် သမီးဖြစ်သူအား ကားတိုက်ခံခိုင်းပြီးနောက် ကားမောင်းသူများထံမှ ငွေတောင်းတဲ့ စုံတွဲကို စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။
 
အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဖခင်အရင်းဖြစ်သူနဲ့ မိထွေးဖြစ်သူက ဂွန်ဒေါင်းမြို့ရှိ ကားလမ်းမများပေါ်တွင် အရှိန်အတန်အသင့်နှင့် သွားလာနေသော ကားများရှေ့သို့ ဖြတ်ပြေးကာခိုင်း တိုက်မိဟန်ပြု၍ လဲကျသွားစဉ်တွင် သူတို့ရောက်လာကာ အမျိုးသမီးဖြစ်သူက အော်ကြီးဟစ်ကျယ်လုပ်ကာ ငိုကျွေးမည်၊ ဖခင်ဖြစ်သူက သမီးကို ပွေ့ချီကာ ဘေးသို့ သယ်သွားမည်။ ထို့နောက် ကားမောင်းသူထံမှ ဒဏ်ရာရရှိသွားသည့်အတွက် လျှော်ကြေးပေးရမည်ဟု လျှော်ကြေးတောင်းကြသည်။ ဒါက သူတို့ လုပ်နေကြဖြစ်သည်။
 
တစ်ရက်မှာတော့ ကင်မရာတပ်ဆင်ထားသော ကားနှင့်တည့်တည်းတိုးကာ သူတို့လုပ်စားနေကြောင်း ပေါ်ပေါက်သွားသဖြင့် ရဲလက်သို့ အပ်ခံခဲ့ရသည်။ အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့ပြီး နောက်တစ်ဦးကလည်း ထိုမိသားစုနှင့် ဖြစ်ပျက်ခဲ့သော အလာတူအဖြစ်အပျက်ကို အွန်လိုင်းသို့ တင်ခဲ့ရာ ငြင်းလို့မရတော့ပဲ လုပ်စားကြောင်း ဝန်ခံခဲ့ရခြင်းဖြစ်သည်။
 
 
 


Follow us on