1. Home
  2. Myanmar News

ထိုင်းမှာ မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး အဓမ္မပြုကျင့်ဖို့ကြံစည်တဲ့လူကို ခုခံရင်း လူသတ်မှုဖြစ်ပွား

Myanmar News มี.ค. 20, 2560 view 1,445

ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့မှာ မြန်မာအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ဖို့ကြံစည်တဲ့သူကို ကြက်သွန်လှီးဓါးနဲ့ ပြန်လည်ခုခံခဲ့ရာကနေ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။ အဆိုပါဖြစ်ရပ်ဟာထိုင်းနိုင်ငံ စမုတ်ပါကန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ နေထိုင်တဲ့အဆောင်မှာ မတ်လ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၁နှစ်အရွယ် မြန်မာအမျိုးသမီးလုပ်သား မစုစုဇင် နေထိုင်ရာ အဆောင်ထဲကို မြန်မာအမျိုးသား လုပ်သားဖြစ်သူက ၀င်ရောက်ကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် ပြန်လည်ခုခံခဲ့တယ်။ မုဒိန်းမှု ပြုဖို့ကြံစည်သူဟာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်။

မစုစုဇင်ကို စမွတ်ပါကန်ခရိုင်၊ ဘန်ဆောင့်ထုန်နယ်မြေရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ထိုင်းအလုပ်သမားအရေးကို ဆောင်ရွက်ပေးနေတဲ့ MAT အဖွဲ့အနေနဲ့လည်း တရားဝင်မှတ်ပုံတင်ထားတာမရှိလို့ အမှုနဲ့ပတ်သတ်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်မဟုတ်ဘဲ မြန်မာသံရုံးကနေသာတရားဝင် အမှုမှန်ပေါ်ပေါက်ဖို့ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

“အဓိကလုပ်ရမှာက မြန်မာသံရုံးကတာဝန်ရှိသူတွေက ဂရုတစိုက် ဆောင်ရွက်ပေးသင့်တယ်။ဆောင်ရွက်ပေးမှုမရှိသမျှကာလပတ်လုံးတော့ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ မြန်မာတွေရဲ့ဘဝက ကြက်တစ်ကောင်၊ ခွေးတစ်ကောင်လောက်မှ တန်ဖိုးရှိမှာ မဟုတ်ဘူး။” လို့ သူကဆက်ပြောပါတယ်။

Credit : kumudranews



Follow us on