1. Home
  2. Myanmar News

ဒဂုံမြို့သစ်(တောင်းပိုင်း) သွပ်မိုးနေအိမ်အား အလုံးလိုက်ခိုးယူသွားမှုဖြစ်စဉ်

Myanmar News มี.ค. 20, 2560 view 1,446

လူမှုကွန်ရက်တွင် ပျံနှံ့နေသော ဒဂုံမြို့သစ်(တောင်းပိုင်း) သွပ်မိုးနေအိမ်အား အလုံးလိုက်ခိုးယူသွားမှုဖြစ်စဉ်မှ တရားခံ ကုလားလေး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားမိဖြစ်ကြောင်းသက်ဆိုင်စခန်းထံမှ သိရပါတယ်။ မတ်လ ၁၈ ရက်နေ့က အခင်းဖြစ်နေသည့် နေအိမ်ပိုင်ရှင်သည် ပြည်ထောင်စု လမ်းမ ၊၂၅ ရပ်ကွက်၊ ၁၁ ပန်းခြံရှေ့ရှိ လွန်ခဲ့သော ၁၀ ခန့်ကကတည်းကဝယ်ယူထားသော နေအိမ်(အဟောင်း)ရှေ့မှ အသွား အလာပြုလုပ်စဉ် ကြည့်ရှုရာ နေအိမ်(အဟောင်း) အလုံးလိုက် ပျောက်ဆုံးပျောက်ဆုံးကြောင်းတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ကို မေးမြန်းကြည့်ရာ လူ ၁၀ ဦးခန့်က လာရောက်ဖျက်ဆီးကာ ကင်တာကားဖြင့် သယ်ဆောင်သွားသည်ကို သိရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို တောင်ဒဂုံ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

နေအိမ်ဖျက်၍သယ်ဆောင်သွားသည့်ကားကို ကားလမ်းတစ်လျှောက်ရှိ cctv မှတ်များမှာ သဲလွန်စရခဲ့ပြီး ထိုနေအိမ်အား တရားခံ ဥာဏ်ထွန်းခေါ် ကုလားပုမှ သံလျင်ဘုရားကုန်း မှတ်အနီးရှိ သစ်ဟောင်း အရောင်းအဝယ်လုပ် ကိုင်နေသူ ဦးငယ်လေး ဆိုသူထံ ထိုအိမ်ကို လက်ညှိးထိုးပြပြီး ငွေကျပ်ဆယ်သိန်းဖြင့် အရောင်းအ၀ယ် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ဒဂုံ မြို့နယ် ရဲစခန်းမှ (ပ)၃၂၂/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးခြင်း၊ ၀ယ်ယူသူထံမှ သစ်များပြန်သိမ်းခြင်းတို့ကို ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စစနစ်တကျ ဆောင်ရွက်နေပြီး တရားခံ ဥာဏ်ထွန်းခေါ် ကုလားပုကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Soure : News Watch



Follow us on