1. Home
  2. Movie Stars - Celebrity

ဖခင်လိုပဲ စိတ်ထားမြင့်မြတ်တဲ့ ပေါလ်ဝေါ်လ်ကာရဲ့ သမီးငယ်

Movie Stars - Celebrity มี.ค. 20, 2560 view 1,592
ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား “Fast and Furious” ဇာတ်ကားများထဲမှ သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ပေါလ်ဝေါလ်ကာ(Paul Walker) ကို ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ မသိတဲ့သူ ရှားပါလိမ့်မယ်။ 
 
 
အောင်မြင်ကျော်ကြားတဲ့ Into the Blue, Takers, Vehicle 19 တို့လို ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ပေါလ်ဝေါ်လ်ကာဟာ ၂၀၁၃ ခုနှစ်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။ သူမှာ ချစ်စရာကောင်းတဲ့ Meadow Rain Walker ဆိုတဲ့ သမီးလေးတစ်ဦးရှိပြီး ကွယ်လွန်ချိန်မှာ သမီးရဲ့အသက်က ၁၅ နှစ်ပဲရှိပါသေးတယ်။
 
 
Paul Walker အသက်ရှင်စဉ်အချိန်တွေက အလှုအတန်းနဲ့ လူတွေလိုအပ်တဲ့ အကူအညီကိုပေးတတ်တဲ့ စိတ်ထားမြင့်မြတ်သူတစ်ဦးဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့သမီးဖြစ်သူ Meadow Rain Walker က ဖခင်လိုပဲ စိတ်ထားမြင့်မြတ် နှလုံးသားဖြူစင်တဲ့ အလုပ်တွေကို လုပ်နေပါပြီ။
 
 
Meadow က Paul Walker ဖောင်ဒေးရှင်းကို ထူထောင်ထားပြီး သူမရဲ့ အဓိကရည်ရွယ်ချက်က လူတွေကို ကူညီရန်၊ တိရိစ္ဆာန်လေးများကို ကယ်ဆယ်ရန်နဲ့ သူ့ဖခင် ချစ်မြတ်နိုးတဲ့ သမုဒ္ဒရာဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်ဖို့ဖြစ်ပါတယ်။
 
 
 
Paul က အချိန်အတော်များများကို သမုဒ္ဒရာအကြောင်း ဆည်းပူးလေ့လာခဲ့ဖူးသူ ဖြစ်ပြီး ဖောင်ဒေးရှင်းက ဒါတွေကို ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီနေ့မှာတော့ Meadow က သူ့ဖခင်ရဲ့ အမွေကိုဆက်ခံမယ့် သမီးတစ်ဦးဖြစ်လို့နေပါပြီ။
 

 



Follow us on