1. Home
  2. Myanmar News

ဒီနှစ်သင်္ကြန် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့မဏ္ဍပ်တွေကို ခွင့်ပြုမယ်

Myanmar News มี.ค. 20, 2560 view 1,467

ဒီနှစ် သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေကို ဆောက်ခွင့်ပေးမှာ မဟုတ်ပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ကြော်ငြာမဏ္ဍပ်တွေ ဆောက်ချင်တယ်ဆိုရင် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်တုန်းက ဒီချုပ် ပါတီ ဦးဆောင်တဲ့ အစိုးရသစ်က သင်္ကြန်ရက် နီးကပ်မှ မဏ္ဍပ်တည်ဆောက်မှုအပေါ် ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး သင်္ကြန်မဏ္ဍပ်ကြီး စုစုပေါင်း ၁၉ ခုသာ တည်ဆောက်ခွင့် ပေးခဲ့ပါတယ်။ အဲဒီထဲမှာ စီးပွားရေး လုပ်ငန်းရှင် တချို့ရဲ့ ဖျော်ဖြေရေး မဏ္ဍပ်တွေကတော့ ဆောက်လုပ်ခွင့် ရရှိခဲ့တာပါ။

အခုနှစ် သင်္ကြန်မဏ္ဍပ်တွေနဲ့ တည်ဆောက်ခွင့်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “မဏ္ဍပ်ပေးတဲ့အခါမှာ စီးပွားဖြစ်လုပ်တဲ့ မဏ္ဍပ်တွေကို နည်းနည်း တော့ကန့်သတ်တယ်။သို့သော် မိသားစုလိုက်ရှိတဲ့ မဏ္ဍပ်ရှိမယ်၊ ကိုယ့်ကုမ္ပဏီ ကိုယ့်ကြော်ငြာတဲ့ မဏ္ဍပ်တွေရှိမယ် ဒါတွေအားပေးရမယ်။ဒီကုမ္ပဏီတွေ တိုးတတ်မှသူတို့ အလုပ်ကိုင်ဖန်တီးရာရှိတယ်တယ်ဆိုတော့ သူတို့အတွက်ကောင်းတယ်။အရင်က အရက်၊ ဘီယာ မဏ္ဍပ်တွေ၊ မဏ္ဍပ်ရဲ့အနောက် အခန်းဖွဲ့တော့ ထားတာတွေ ၊စီးပွားဖြစ် ရှာတဲ့ မဏ္ဍပ်တွေ ဒါတွေကို လုံးဝ(လုံးဝ) ခွင့်ပြုမှာမဟုတ်ဘူး..”လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။

Soure : 7DAY TV



Follow us on