1. Home
  2. Special or Others

လေယာဉ်ပေါ်တွင် နားကြပ်မီးလောင်ပေါက်ကွဲမှုကြောင့် မျက်နှာမီးကျွမ်းလောင်

Special or Others มี.ค. 20, 2560 view 1,536
သြစတေးလျနိုင်ငံ မဲလ်ဘုန်းမှ တရုပ်နိုင်ငံ ပေကျင်းသို့ ပျံသန်းလာသော လေယာဉ်တစ်စင်းတွင် မိုဘိုင်းနားကြပ်အသုံးပြု၍ သီချင်းနားထောင်နေစဉ် ပေါက်ကွဲမှုအသေးစားဖြစ်ကာ အမျိုးသမီးတစ်ဦး၏ မျက်နှာမီးကျွမ်းလောင်ခဲ့သည်။
 
လေယာဉ်ပေါ်တွင် နားကြပ်တပ်ပြီး သီချင်းနာထောင်ပြီး သိပ်မကြာခင်တွင် ပေါက်ကွဲသံကြီးတစ်ခုက လေယာဉ်တစ်စင်းလုံးသို့ ပဲ့တင်ညံသွားခဲ့သည်။ မီးလောင်ခံခဲ့ရသည့် အမည်မဖော်ပြထားသည့် အမျိုးသမီးက “ကျွန်မတစ်ဘက်ကို လှည့်လိုက်ချိန်မှာ မျက်နှာမှာ အပူလောင်သလို ခံစားလိုက်ရတယ်၊ မျက်နှာကို ပွတ်ကြည့်လိုက်တော့ နားကြပ်ကြိုးနဲ့ ထိနေတဲ့ လည်ပင်းနေရာက ပူနေတာ၊ ပိုပြီးပူလောင်သလို ဖြစ်လာတာနဲ့ နားကြပ်ကြိုးကို ဆွဲဖြုတ်ပြီး လေယာဉ်ကြမ်းပြင်ပေါ် ပစ်ချလိုက်တော့ ကြိုးကမီးလောင်ပြီး မီးပွင့်တွေရိုက်နေတာတွေ့လိုက်ရတယ်” ဟု ဆိုသည်။
 
နားကြပ်ဟာ ကြိုးမဲ့နားကျပ်ဖြစ်နိုင်ပြီး နာကြပ်မှာပါတဲ့ ဓါတ်ခဲက အပူလွန်အားကြီးခြင်း၊ အလွန်အကျွံသုံထားခြင်းတို့ကြောင့် ဖြစ်နိုင်ချေရှိပါတယ်။ 
လေယာဉ်အမှုထမ်းများ ချက်ခြင်းရောက်လာကာ မီးငြိမ်းသတ်ခဲ့ကြပါတယ်။ ဓါတ်ခဲနဲ့ နားကြပ်အပြင်ခွံဟာပျော်ပြီး လေယာဉ်ကြမ်းပြင်မှာ ကပ်နေတယ်လို့ ဆိုပါတယ်။ အမျိုးသမီးကတော့ သူမရဲ့ မျက်နှာ၊ လည်ပင်းနဲ့ လက်တို့မှာ အပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
 
ဘတ္ထရီများ ပေါက်ကွဲလေ့ရှိတဲ့ အကြောင်းရင်းအချို့ကတော့ အချိန်ကြာမြင့်စွာ အားသွင်းထားခြင်း၊ အမြန်အားသွင်းစက် အသုံးပြုခြင်းနဲ့ အရဉ်အသွေးညံ့တဲ့ ဘက္ထရီအတုတွေကို သုံးမိခြင်းကြောင့် ဖြစ်တတ်ပါတယ်။
 
စမတ်ဖုန်းများတင်ပေါက်ကွဲတတ်တာမဟုတ်ပဲ ဘတ္ထရီပါတဲ့နားကြပ်များပါ ပေါက်ကွဲစေတတ်တာမို့ အထူးသတိပြုဖို့ လိုအပ်ပါပြီ။
 


Follow us on