1. Home
  2. Movie Stars - Celebrity

Mister Asia Myanmar 2016 ဆုရှင် တေဇာလင်းကို ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆို

Movie Stars - Celebrity มี.ค. 21, 2560 view 1,937
၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော Mister Asia Myanmar ၏ winner ဆုရှင် တေဇာလင်းကို လက်မထပ်ပဲ အတူပေါင်းသင်းနေထိုင်ခဲ့ပြီးနောက် ကိုယ်ဝန်ရလာသည့်အခါ တာဝန်မယူနိုင်ကြောင်းပြောဆိုခဲ့သည့်အတွက် အသက် (၁၉) နှစ်အရွယ် မိန်းကလေးတစ်ဦးမှ ရဲစခန်းတွင် အမှုဖွင့်ကာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သူမအသက် ၁၆ နှစ်အရွယ်၊ တေဇာလင်း သာမန်မော်ဒယ်လ်ဘဝနှင့် ချစ်သူရည်းစားဖြစ်ခဲ့ပြီးနောက် ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုများအပြင် လက်မထပ်ပဲ အတူနေထိုင်ခဲ့ကြသည်။
 
၂၀၁၆ ခုနှစ်တွင် တေဇာလင်းက အနိုင်ရမစ္စတာတစ်ယောက်ဖြစ်လာခဲ့ပြီး အောင်မြင်မှုရရှိလာပြီးချိန်၊ သူမတွင် ကိုယ်ဝန်ရှိလာခဲ့ပြီး မွေးဖွားလာမည့်ကလေးအတွက် လက်ထပ်ပေါင်းသင်းတာဝန်ယူရန် ညှိနှိုင်းဆွေးနွေးခဲ့ရာ တေဇာလင်းမှ ကိုယ်ဝန်ကို ဖျက်ချရန် တိုက်တွန်းခဲ့ပြီး တာဝနမယူနိုင်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ရာ နောက်ဆုံး ယခု ကိုယ်ဝန် ခြောက်လ ရှိသည့်အချိန်ထိ ငြင်းဆန်နေဆဲ ဖြစ်သည့်အတွက် မတ်လ ၉ ရက်နေ့က တာမွေရဲစခန်းတွင် ကာမလိမ်လည်ရလိုမှုနှင့်တရားစွဲထားပြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ ၃၁၄/၂၀၁၇ တရားမကြီးနစ်နာအမှုအဖြစ် တရားသူကြီးအား ဦးတိုက်လျှောက်ကြောင်း ပြောဆိုခဲ့သည်။
 
အပြည့်အစုံကို ဗီဒီယိုတွင်ကြည့်ရှုပါ >>>
 


Follow us on