1. Home
  2. Myanmar News

ဂိုဏ်းဖွဲ့ရိုက်နှက်မှုကြောင့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ မျက်နှာတွင် အချက် ၂၀ ခန့်ချုပ်ရ

Myanmar News มี.ค. 21, 2560 view 1,714
ကရင်ပြည်နယ် ဘားအံ့မြို့နယ် ဇွဲကပင်တောင်ခြေအနီးရှိ လမ်းလယ်ဘလောက်တုံးတွင် ဂစ်တာတီးနေသော လူငယ်များအနီးသို့ (037) အမှတ်တံဆိပ်အင်္ကျီဆင်တူဝတ်ဆင်ထားသော လူငယ်ဂိုဏ်းအဖွဲ့ရောက်လာကာ ရန်စပြီး ရိုက်နှက်ခဲ့သဖြင့် ဂစ်တာတီးသူ လူငယ်၏ မျက်နှာတွင် အချက် ၂၀ ခန့် ချုပ်ခဲ့ရကြောင်း သတင်းရရှိသည်။
 
 
ဖြစ်စဉ်မှာ မတ်လ ၃ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ဘားအံတက္ကသိုလ် တတိယနှစ်ကျောင်းသား မောင်ရှိုင်းဝေထွဋ် (၂၀ နှစ်)သည် သူငယ်ချင်း သုံးဦးနှင့်အတူ ဂစ်တာတီနေးစဉ် (037) အမှတ်တံဆိပ်အင်္ကျီဆင်တူဝတ်ဆင်ထားသော လူငယ်ဂိုဏ်းအဖွဲ့ရောက်လာကာ ရှိုင်းဝေထွဋ်၏ မျက်နှာကို အရက်နှင့်ပက်၍ ဂစ်တာတောင်းရာမှ စကားများကြပြီး ဂိုဏ်းအဖွဲ့ထဲမှ အရက်နဲ့ပက်ခဲ့သူ မောင်ကြွားဆိုသူက မျက်နှာကို ပုလင်းနဲ့ ရိုက်ခဲ့သဖြင့်  ရှိုင်းဝေထွဋ်၏ ညာဘက်ပါးကို အချက် ၂၀ ခန့်ချုပ်ခဲ့ရသည်။
 
အဆိုပါအမှုကို အရေးယူပေးပါရန် ရှိုင်းဝေထွဋ်၏ အစ်မဖြစ်သူ ဒေါ်ခိုင်ဖြူနှင်းက တရားလိုပြုတိုင်တန်းခဲ့သဖြင့် ထုံးအိုင်နယ်မြေရဲစခန်းမှ (ပ(၂၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့်
အမှုဖွင့်ခဲ့ပြီး တရားခံကို လိုက်လံချိပ်ဆက်ရှာဖွေဖမ်းဆီးရမိခဲ့သည်။
 
 
ထို့ပြင်  (037) အမှတ်တံဆိပ်ဆင်တူ ဂိုဏ်းဖွဲ့ထားသည့် လူငယ် (၉)ဦး၏ အုပ်ထိန်းသူမိဘများကို ရဲစခန်းသို့ ခေါ်ယူခဲ့ပြီးနောက် တရားမဝင်အုပ်စုဖွဲ့ခွင့်မရှိကြောင်းနှင့် အုပ်စုအသင်းဖွဲ့စည်းမည်ဆိုပါက ကောင်းမွန်သည့်ရည်ရွယ်ချက်များနှင့်သာ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းခွင့်ရှိကြောင်း ပြောဆိုဆုံးမ၍ ခံဝန်ချက်ရေးထိုးကာ ပြန်လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
Source:မင်းသူ(ဘားအံ)
 


Follow us on