1. Home
  2. Myanmar News

လှိုင်သာယာတွင် တပ်မတော်အရာရှိ ယောင်ဆောင်သူကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

Myanmar News มี.ค. 21, 2560 view 1,781

လှိုင်ယာမြို့နယ်အတွင်း တပ်မတော်အရာရှိအယောင်ဆောင်ကာ ငွေကြေးကိစ္စများ လိုက်လံဖြေရှင်းနေသူတစ်ဦးကို တပ်မတော်သားအသုံးအဆောင်ပစ္စည်း၊ ပစ္စတိုလေသေနတ်တစ်လက်၊ WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့ပါသည်။လှိုင်သာယာမြို့နယ်(၁၆)ရပ်ကွက်၊ ၁၆ ကွေ့တွင် မတ်လ တတိယပတ်အတွင်း တပ်မတော်သား အယောင်ဆောင် အသက်(၃၀)အရွယ် အမျိုးသားကို ခေါ်ယူစစ်ဆေးရာ Senter အမျိုးအစား စကားပြောစက်တစ်လုံးနှင့် ကျောပိုးအိတ်အတွင်းရှိ WY ဆေးပြား ၁၅၆ ပြားအပြင် မူးယစ်ဆေးဝါးသုံးစွဲရာ၌ အသုံးပြုသည့်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် ကျောပိုးအတ်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်၊ ဗိုလ်မှူးထက်သူအမည်ရှိ တပ်မတော် စိစစ်ရေးကတ်တစ်ခု၊ အစိမ်းရောင်ပခုံးဒေါက်တစ်စုံ၊ ကော်လာတံဆိပ်တစ်စုံ၊ တပ်မတော် တံဆိပ်တုံးနှစ်ခုနှင့်မော်တော်ယာဉ် အသုံးပြုခွင့်ရုံးစာအတုများ အပြင် ခဲကျည်ငါးတောင့်ပါ ပစ္စတိုလေသေနတ် တစ်လက်တို့ကို ထပ်မံတွေ့ရှိခဲ့ပါသည်။ တပ်မတော်အရာရှိယောင်ဆောင်သူသည် ကမာရွတ်မြို့နယ်နေ အသက်(၃၀)အရွယ် ထက်သူမိုးမြင့်ရှိန်(ခ) ထက်သူ ဖြစ်ပြီး ၄င်းသည် လှိုင်သာယာ(၁၉)ရပ်ကွက် အတွင်း ဗိုလ်မှူးယူနီဖောင်းဝတ်ဆင်လျက် သွားလာနေကာ အသိမိတ်ဆွေများ ရရန်ရှိသည့် ငွေကြေးကိစ္စများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လိမ်လည်ဖြေ ရှင်းပေးခဲ့ခြင်းများ ပေါ်ပေါက်ခဲ့ကြောင်း လှိုင်သာယာမြို့မရဲခန်း မှ ရဲအရာရှိ တစ်ဦးကဆိုပါတယ်။

၎င်းအမျိုးသားကို လှိုင်သာယာမြို့မရဲစခန်းက မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာပုဒ်မ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၊ လက်နက် ဥပဒေပုဒ်မနှင့် တပ်မတော်သား အယောင်ဆောင်မှု အပါအဝင် ရာဇသတ်ကြီးပုဒ်မတို့ဖြင့် အမှုဖွင့်စစ်ဆေးနေဟုသိရပါတယ်။

Credit : 7day daily



Follow us on