1. Home
  2. Myanmar News

ဗိုလ်တထောင်လမ်း(၅၀) ကုမ္ပဏီရုံးခန်းတစ်ခုအား အနုကြမ်းဝင်စီး

Myanmar News มี.ค. 21, 2560 view 1,554
ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ အောက်ဘလောက် တိုက်အမှတ် ၁၅ ရှိ ငါးလွှာတိုက်ခန်းတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီရုံးခန်းတွင် မတ်လ ၂၁ ရက် နံနက် ၈ နာရီက မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက အနုကြမ်းဝင်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
 
ကုမ္ပဏီပိုင်ရှင်ကို ဓားနဲ့ထိုးပြီး ရွှေလက်စွပ်နဲ့ ပိုက်ဆံအိတ် ယူသွားတယ်။ လုယက်သူက မျက်နှာကို စွပ်ကျယ်နဲ့ စည်းထားတယ်လို့ သိရပြီး တရားခံကိုတော့ မမိသေးပါဘူး” ဟု ရဲအရာရှိက ပြောသည်။
 
 
အနုကြမ်းစီးခံရသည့် ကုမ္ပဏီမှာ New Wave Service Co.,Ltd ဖြစ်ပြီး ယနေ့ နံနက်ပိုင်းက အသက် ၇၀ အရွယ် ပိုင်ရှင်ဖြစ်သူ အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးတည်း ရှိစဉ် လုယက်မှု ကျူးလွန်သူက ၎င်းကို ဓားဖြင့် ထိုးခဲ့သောကြောင့် ညာဘက်လက် ပြတ်ရှဒဏ်ရာနှင့် ညာပေါင် ထိုးသွင်းဒဏ်ရာ ရခဲ့သည်။
 
တိုက်တစ်ဖက်က CCTV မှတ်တမ်းအရ အခင်းဖြစ်ချိန် တိုက်အောက်ထပ်မှာ အနက်ရောင် အင်္ကျီ ဘောင်းဘီဝတ်ထားတဲ့ အမျိုးသားတစ်ယောက်နဲ့ အင်္ကျီအနီရောင်နဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် တွေ့ခဲ့တယ် ပြစ်မှုကျူးလွန်သူ ဟုတ်မဟုတ်တော့ မသိဘူး” ဟု ဗိုလ်တထောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။
 
Credit:TheVoice


Follow us on