1. Home
  2. Special or Others

ကျောက်တောင်စွန်းမှာ စတန့်ဓါတ်ပုံအရိုက်ခံသူ လက်မမြဲပဲပြုတ်ကျမှု ရုပ်/သံ

Special or Others มี.ค. 21, 2560 view 1,575
တရုပ်နိုင်ငံ ချောင်ကွင်းဒေသရှိ ဂျီဂေါင်းကျောက်တောင်ပေါ်တွင် စွန့်စွန့်စားစား ဓါတ်ပုံရိုက်ခံသူ လူငယ်တစ်ဦး ကျောက်တောင်ပေါ်မှ ပြုတ်ကျခဲ့သည့်ဖြစ်ရပ်တစ်ခု မတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ် ဗီဒီယိုအွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူတိုင်းကို အထိတ်တလန့်ဖြစ်စေခဲ့သည်။
 
ဗီဒီယိုတွင် တီရှပ်အစိမ်းရောင်နဲ့ လူငယ်ဟာ သူ့ရဲ့ စွမ်းရည်ကို ပြသလိုတဲ့ ဓါတ်ပုံတွေကို ကျောက်တောင် ချောက်ကပါးစွန်းမှာ မိုက်ရှုးရဲဆန်စွာ ရိုက်ကူးခဲ့ပါတယ်။ အစပိုင်းမှာ အဆင်ပြေပြီး သူ့အနားမှာ ရှိတဲ့ လူများက လက်ခုတ်သြဘာပေးတာကြောင့် ပိုမိုမိုက်ရူးရဲဆန်စွာ လက်ရဲ့ကုတ်အားတစ်ခုကိုပဲ ယူပြီး ဓါတ်ပုံအရိုက်ခံချိန်မှာတော့ လက်မမြဲပဲ တောင်အောက်ကို ပြုတ်ကျခဲ့ရတာ ဖြစ်ပါတယ်။
 
ဒါပေမယ့် ကံကောင်းထောက်မစွာဖြင့် တောင်ရဲ့အောက်ဆုံးထိ မပြုတ်ကျပဲ တစ်နေရာမှာ တင်ကျန်နေခဲ့တာကြောင့် ပွန်းပဲ့ဒဏ်ရာများသာ ရခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်အောက်ကို ပြုတ်ကျခဲ့တဲ့အခိုက်အတန့်ကတော့ အရမ်းကို ထိန့်လန့်စရာကောင်းပါတယ်။ 
 


Follow us on