1. Home
  2. Myanmar News

လူမနေသည့်အိမ်တွင် သမီးရည်းစားချိန်းတွေ့ခဲ့ရာမှ အိမ်မီးလောင်မှု ဖြစ်ပွား

Myanmar News มี.ค. 22, 2560 view 1,799
မတ်လ ၁၉ ရက်နေ့ ည ၉ နာရီခွဲ့ခန့်က မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီ ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါနေအိမ်တွင် လူနေထိုင်ခြင်းမရှိပဲ အိမ်ရှင်၏သားဖြစ်သူမှာ ရန်ကင်းရပ်ကွက်ရှိ အဆောင်တွင် နေထိုင်၍ မုံရွာတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်ကြောင်းသိရှိရသည်။ အဆိုပါနေအိမ်တွင် သူငယ်ချင်းစုံတွဲများ ချိန်တွေ့ခြင်းကို လက်ခံပေးထားပြီး သူတကိုယ်တိုင်လည်း ချိန်းတွေ့တက်ကြောင်းသိရှိရသည်။
 
မီးလောင်ကျွမ်းသည့်ညကဖြစ်စဉ်မှာ နေအိမ်တွင်လာရောက်ချိန်းတွေ့သော စုံတွဲတစ်တွဲမှ ခြင်ဆေးခွေထွန်းထားပြီး ပြန်သည့်အခါ ငြိမ်းသတ်ရန်မေ့ခဲ့ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူတို့ထံမှ သိရှိရသည်။
 
မီးလောင်ကျွမ်းမှုနှင့်ပက်သက်၍ နေအိမ်ပိုင်ရှင်၏သားဖြစ်သူ မောင်ဖြိုးသူရဇော် (၂၁ နှစ်)ကို (ပ) ၁၈၅/၂၀၁၇ ပုဒ်မ(၂၈၅) မီးပေါ့ဆမှုနှင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
Ref:TheVoice


Follow us on