1. Home
  2. Myanmar News

မြန်အောင်မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ဖျက်ဆီးသူကို ဖမ်းမိ

Myanmar News มี.ค. 22, 2560 view 1,441

မြန်အောင်မြို့နယ်ရှိ ဗိုလ် ချုပ်အောင်ဆန်း ရုပ်တုကို စိတ် မနှံ့သူဟု ယူဆရသူ တစ်ဦးက မတ်လ ၂၁ ရက် နေ့လယ်က ဖျက်ဆီးခဲ့သည်။ မြန်အောင်မြို့နယ် တဲကြီး ကုန်းရွာရှိ ဘိုးရာဇာစာကြည့် တိုက်ရှေ့တွင် ဂုဏ်ပြုသွန်းလုပ် ထားသည့် ဖိုက်ဘာပလတ်စတစ် အမျိုးအစား ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ပန်းထိမ်ကုန်းရွာနေ အသက် (၃၆)နှစ်အရွယ် ကိုစိုး မင်းမင်းဆိုသူက သံတုတ်ဖြင့် ရိုက်ကာဖျက်ဆီးသွားခဲ့သည်။ ငါးပေခွဲခန့်ရှိသော ဗိုလ်ချုပ် အောင်ဆန်းရုပ်တု ဖျက်ဆီးသူကို ဒေသခံရွာသားငါးဦးက ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး အနီးရှိရဲကင်းသို့သွားရောက်အပ်နှံခဲ့ကြောင်း တဲကြီးကုန်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

‘‘ဖျက်ဆီးသွားတဲ့သူက ရွာသာကြီးက ပြန်လာတာ မကြာသေး ဘူးလို့ သိရတယ်။ သူ့ရဲ့အင်္ဂါရုပ် ကို ကြည့်ရတာလည်း စိတ်ကျန်း မာရေးချို့တဲ့ပုံ ပေါက်တယ်။ အ မှန်တကယ် စိတ်ကျန်းမာရေးချို့ တဲ့နေသူလားဆိုတာကို စစ်ဆေး နေဆဲ ဖြစ်ပါတယ်’’ဟု

မြန်အောင် မြို့ရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်စိုးနိုင် က ပြောသည်။ ဖျက်ဆီးခံရသည့် ရုပ်တု သည် ဗိုလ်ချုပ်အောင်ဆန်းနှစ် တစ်ရာပြည့် အထိမ်းအမှတ်အ ဖြစ် ၂၀၁၆ က ဂုဏ်ပြုစိုက်ထူ ထားသည့် ရုပ်တုဖြစ်ကြောင်း ဒေ သခံများက ပြောသည်။

Credit : 7daydaily

PHOTO …7daydaily



Follow us on