1. Home
  2. Myanmar News

အမျိုးထဲမှာလည်း လိင်တူခြင်းဆက်ဆံနေသူအချို့ရှိတယ်လို ဖိလစ်ပိုင်သမ္မတဒူတာတေး ဖွင့်ဟပြောကြား

Myanmar News มี.ค. 22, 2560 view 1,466
ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေး မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် မြန်မာနိုင်ငံရောက် ဖိလစ်ပိုင်အသိုင်းအဝိုင်းများနှင့်တွေ့ဆုံခဲ့တဲ့ မိန့်ခွန်းတစ်ခုမှ လိင်တူခြင်း လက်ထပ်ကြတဲ့ကိစ္စနှင့် ပက်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ဖီလစ်ပိုင်ဟာ ကက်သလစ် ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့နိုင်ငံဖြစ်ပြီး ဘာသာဝင်တွေဟာ ဘာသာတရားက ပြဌါန်းထားတဲ့ လူမှုကျင့်ဝတ်တွေကို လိုက်နာရပါတယ်၊ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ပဲ လက်ထပ်ခွင့်ရှိပြီး အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ လက်ထပ်ခွင့်ရှိပါတယ်” ဟု ပြောကြားခဲ့ပြီး သူဟာ မိန်းမလျာတွေကို ဆန့်ကျင်တဲ့သူမဟုတ်ကြောင်းနဲ့ သူ့ရဲ့ ဆွေမျိုးထဲမှာလည်း လိင်တူခြင်းဆက်ဆံနေကြသူအချို့ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
သမ္မတဒူးတာတေးဟာ သမ္မတရာထူးမတိုင်ခင် ဒေဗိုမြို့တော်ဝန်ဖြစ်ခဲ့စဉ်က လိင်တိမ်းညွတ်မှု ကွဲပြားသူတွေအပေါ်  ဖိနှိပ်ဆန့်ကျင်ရေးဥပဒေရေးရာ ပြောင်းလဲမှုအချို့ကို မိတ်ဆက်ပေးခဲ့သူဖြစ်ပေမယ့် ၂၀၁၅ ခုနှစ် နိုင်ငံတော်အဆင့် ဟောပြောပွဲတစ်ခုမှာတော့ “လိင်တူလက်ထပ်ခြင်းကလည်း သင့်လျော်ပါတယ်၊ လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
Ref:BBC
 
 


Follow us on