1. Home
  2. Movie Stars - Celebrity

မြင်းပေါ်ကပြုတ်ကျခဲ့တဲ့ ဟောင်ကောင်မင်းသား အန်ဒီလောရဲ့ ကြော်ငြာထွက်ရှိ

Movie Stars - Celebrity มี.ค. 23, 2560 view 1,393
ဟောင်ကောင်ရုပ်ရှင်စတား အန်ဒီလော မြင်းပေါ်က ပြုတ်ကျကာ အပြင်းအထန်ဒဏ်ရာရခဲ့တဲ့ ကြောငြာထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
 
အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဒီလောဟာ ယခုနှစ်အစပိုင်းက ထိုင်းနိုင်ငံမှာ သွားရောက်ရိုက်ကူးတဲ့ ကြောငြာတစ်ခုမှာ သရုပ်ဆောင်ရင်း မြင်းပေါ်က ပြုတ်ကျပြီး သူ့ရဲ့ တင်ပဆုံရိုးကွဲအက်ကာ အရွတ်ကြောနဲ့ ကြွက်သား ထိခိုက်မှုဝေဒနာတွေကို ခံစားခဲ့ရပါတယ်။
စက္ကန့် ၃၀ သာကြာတဲ့ အဆိုပါ Green Tea အချိုရည်ကြော်ငြာမှာတော့ သူ့ရဲ့ မြင်းစီးပုံရိပ်တွေကို လုံးဝ ထည့်ထားတာမတွေ့ခဲ့ရပါဘူး။
 
အန်ဒီလောဟာ ဆေးရုံမှာ ၅၃ ရက်ကြာ ဆေးကုသမှုခံခဲ့ရပြီး မတ်လ ၁၀ ရက်နေ့မှာ ဆေးရုံကဆင်းခဲ့ပြီး ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေကို သူ့ရဲ့အိမ်မှာ ဆက်လက်ပြုလုပ်နေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့ရဲ့ပရိသတ်တွေကို “ကျွန်တော် နေ့စဉ် ထိုင်နိုင်သလောက် အထိုင်ကျင့်နေပါတယ်၊ မတ်တပ်ရပ်နိုင်သလောက်လဲ မတ်တပ်ရပ်ကျင့်နေပါတယ်။ တစ်နေ့တော့ ကျွန်တော် ပထမဆုံးခြေလှမ်းနဲ့ လမ်းပြန်လျှောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူ့ရဲ့ အခြေအနေကို ဖော်ပြခဲ့ပါတယ်။
 


Follow us on