1. Home
  2. Special or Others

မြန်မာနိုင်ငံမှာ ပထမဆုံးရောင်းချမယ့် အနက်ရောင်ရေခဲမုန့်

Special or Others มี.ค. 23, 2560 view 1,447

ပထမဆုံးရောင်းချမယ့် အနက်ရောင်ရေခဲမုန့်ကို မြန်မာနိုင်ငံမှာ ဝယ်ယူစားသုံးနိုင်တော့မှာပါ။ ‘ဒီရေခဲမုန့်က ဘန်ကောက်မှာလဲ ခေတ်စားတယ်၊ ပြီးတော့ အခုနောက်ပိုင်း Bkk night market က အခုဆိုရင် အရမ်းကို ခေတ်စားလာတယ်၊ အဲဒီတော့ အဲဒီပွဲမှာ စမ်းပြီးလုပ်ချင်တာနဲ့ စပြီး လုပ်ဖြစ်တာပါ၊ လူတွေရဲ့ စိတ်ဝင် စားမှုတွေကိုလဲ ပိုပြီးရနိုင်မယ်ထင် လို့ စလုပ်ဖြစ်ခဲ့တာပါ”လို့ အနက် ရောင်ရေခဲမုန့်ကို ရောင်းချသူမယွန်းလဲ့မင်းမောင်က ပြောပါတယ်။ သည်ရေခဲမုန့်ကို vanilla အ ရသာနဲ့ လုပ်ထားတာဖြစ်ပြီး အခါး အရသာလည်းပါနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သည်အနက်ရောင်ရေခဲမုန့်ဆိုင် အတွက် ဆိုင်သီးသန့်ဖွင့်ထားတာ မရှိသေးဘဲ night market တွေမှာပဲ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဈေးတွေကိုလည်း လူတန်းစားမရွေးစားသုံးနိုင်တဲ့ ဈေးတွေနဲ့ ပြုလုပ်ရောင်းချပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။

night market ပွဲကိုတော့ ဧပြီ ၇၊ ၈၊ ၉၊ ရက်တွေမှာ Junction Square မှာ ညနေ ၄းဝ၀ နာရီက နေ ၁၀းဝ၀ နာရီကျော်အထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ‘အဲဒီနေ့ကျရင်တော့ decorate ပါလုပ်ပေးမှာဆိုတော့ အံ့ဩသွားမှာပါ၊ ရေခဲမုန့်တွေနဲ့ selfie တွေလဲ ရိုက်နိုင်မှာဆိုတော့ ထူးခြားမှာပါ၊ အစ်မတို့ဘက်ကနေလဲ အကောင်းဆုံးပြုလုပ် ပေးမှာဆိုတော့ တုံ့ပြန်မှုတွေလဲ ကောင်းနိုင်မယ်လို့ ထင်ပါတယ်၊ အခုတော့ ဆိုင်မဖွင့်နိုင်သေးပေမဲ့ ဆိုင်ဖွင့်ဖို့ ကြိုးစားနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။ သည်ပွဲမှာ ရေခဲမုန့်တွေနဲ့ အတူ ဓာတ်ပုံရိုက်နိုင်အောင် ပြုလုပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ အနက်ရောင်ရေခဲ မုန့်အ ပြင် သက်တန့်ရောင်စုံရေခဲမုန့်တွေကိုပါ ရောင်းချပေးမှာဖြစ်လို့ ဝယ်ယူသူတွေအတွက် အရသာပါမက အမြင်ကိုပါ ဆွဲဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Credit : kumudranews



Follow us on