နွေရာသီ ရဲ့ အပူဆုံးလမှာ ကျရောက်မယ့် သင်္ကြန်အချိန်မှာ လူငယ်လူကြီး ကလေး အရွယ်အလတ်မရွေး သင်္ကြန်ရေ ထွက်ကစားကြပါတယ်။ အပြင်ထွက်ဖို့ နေရောင်ခြည်ကာ ပစ္စည်းတွေသုံးကြပေမယ့် အနည်းအများ နေလောင်ကြပါတယ် နေလောင်ထားတဲ့ မျက်နှာ ခန္ဓာကိုယ် အသားအရည်ကို ပြည်လည်ကုစားဖို့ သဘာဝ နည်းလေးလေးတွေ နဲ့ ပြန်ကုစားလို့ ရအောင် ဝေမျှပေးလိုက်ရပါတယ် ။
ပါဝင်ပစ္စည်း
ဒိန်ချဉ် ခွက် ၁/၃ ပုံ ပျားရည် ခွက် ၁/၄ ပုံ (ပျားရည်ကို ခပ်နွေးနွေးလေးအပူပေးပါ။ ပျားရည်နွေးနွေးလေးဆို ပိုပြီး ပျော်ဝင်အားကောင်းပါတယ်) သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ပြုလုပ်နည်း ခွက်အသေးတစ်လုံးထဲမှာ ပျားရည်ရယ် သံလွင်ဆီရယ်ကို အရင် မွှေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်ထည့်ပြီး သေချာမွှေပါ။ အဲဒါပြီးရင် မျက်နှာသစ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီလိုပဲ လက်တို့ ခြေထောက်တို့မှာလည်း လိမ်းပေးလို့ရပါတယ်။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးရမှာပါ။ ဒါဆိုရင်တော့ နေလောင်ဒဏ်ကြောင့် ပျက်ဆီးနေတဲ့ အသားအရေတွေက နူးညံ့ပြီး ပြန်လည် တောက်ပလာမှာဖြစ်ပါတယ