1. Home
  2. Special or Others

သားကိုတိုက်သတ်ခဲ့သည့် ဘတ်စ်ကားကို ရပ်တန့်ရန်ကြိုးစားခဲ့သည့် အံ့ဖွယ်နွားမကြီး (ရုပ်သံ)

Special or Others มี.ค. 24, 2560 view 1,432

လွန်ခဲ့တဲ့ ၄ နှစ်က သားကိုတိုက်သတ်ခဲ့တဲ့ ဘတ်စ်ကားကို မမေ့ဘဲ မိခင်နွားမကြီးက အဲဒီဘတ်စ်ကားကို ရပ်တန့်ဖို့ ကြိုးစားနေတာကို ရုပ်သံထဲမှာ မြင်တွေ့ရမှာပါ။ ဒီရုပ်သံက ဘယ်လိုလူမျိုးကိုမဆို စိတ်မကောင်းဖြစ်စေမိမှာ အမှန်ပါပဲ။

တိရစ္ဆာန်တွေက စိတ်ခံစား လှုပ်ရှားမှု မရှိဘူးလို့ ထင်တဲ့သူတွေလည်း ဒီရုပ်သံကို ကြည်သင့်တယ်လို့ ညွှန်းဆိုထားပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှာရှိတဲ့ ဆာဆီမြို့မှာ ဘတ်စ်ကားတစီးက နွားသားပေါက်လေးတကောင်ကို မိခင်နွားမကြီးရဲ့ မျက်စိရှေ့မှာပဲ တိုက်သတ်မိသွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီးကတည်းက မိခင်နွားမကြီးဟာ အထိတ်တလန့်ဖြစ်သွားပြီး သူ့သားကို တိုက်မိခဲ့တဲ့ ဘတ်စ်ကားနား နေ့တိုင်း လှည့်ပတ်သွားနေတယ်လို့ သိရပါတယ်။

နွားမကြီးက သားကိုတိုက်မိခဲ့တဲ့ ဘတ်စ်ကားနဲ့ ကားမောင်းသမားကို တိုက်ခိုက်ဖို့ နေ့တိုင်း ကြိုးစားနေတာလို့ ဆိုပါတယ်။ ရုပ်သံထဲမှာ နွားမကြီးက ဘတ်စ်ကားရှေ့ကို လာပြီး ရှေ့ဆက်သွားလို့မရအောင် တားဆီးနေတာလည်း မြင်ရမှာပါ။ အမျိုးသားတဦးက တုတ်တချောင်းနဲ့ နွားမကြီးကို ခြောက်လန့်ပြီး ဘတ်စ်ကားရှေ့က ဖယ်ခိုင်းကာ တခြားနေရာကို သွားခိုင်းပေမယ့် ဒီလို တုတ်နဲ့ခြောက်လန့်နေတဲ့လူဆီက လွတ်သွားတာနဲ့ နွားမကြီးက ဘတ်စ်ကားနောက်ကို ပြန်ပြေးလိုက်နေတာပါ။ ထူးခြားတာတခုကတော့ နွားမကြီးဟာ အဲဒီနေရာကိုလာနေတဲ့ ဘယ်ဘတ်စ်ကားကိုမှ ရပ်တန့်ဖို့ကြိုးစားတာမဟုတ်ဘဲ သူ့သားပေါက်လေးကို တိုက်သွားခဲ့တဲ့ ဘတ်စ်ကားကိုသာ ရပ်တန့်တားဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Credit:DVB



Follow us on